Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး(ဖလား) အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို စတင်ကျင်းပရာ ပြိုင်ပွဲဝင် (၃၂)ဖွဲ့ရှိ

$
0
0
တာချီလိတ်မြို့နယ်တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး ( TSDP ) အစီအစဉ်အရ ကျင်းပပြုလုပ်သော တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ ၂၀၁၅ခုနှစ် ဇူလိုင်လ (၂၅)ရက် နံနက်(၈း၃၀)နာရီအချိန်မှစ၍  စတင်ကျင်းပပြုလုပ် ယှဉ်ပြိုင်နေပြီး ယင်းပြိုင်ပွဲအား သြဂုတ်လ(၃)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။




ပြိုင်ပွဲ၏ အုပ်စု(က)တွင် ဆန်ဆိုင်း(က)၊ တာလော့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် မယ်ဆိုင်မြန်မာ၊ အုပ်စု(ခ)တွင် အရှေ့ပိုင်း ကျား (၃)၊ အရှေ့ပိုင်း ကျား (၁)၊ မောနင်းပွိုင့်(၁) နှင့် မိုင်းကိုး ပိုက်ကျော်ခြင်းအဖွဲ့တို့ ပါဝင်သည်။



အုပ်စု(ဂ)တွင် ရန်အောင်မြေ၊ အာခါလူငယ်၊ မောနင်းပွိုင့်(၂) နှင့် ၀မ်ကောင်းလူငယ်၊ အုပ်စု(ဃ)တွင် ဖန်မင်၊ ဧဒင်သဲကျောက်လုပ်ငန်း(က)၊ အလူရာလူငယ် နှင့် မိုင်းဖုန်း(က) ပိုက်ကျော်ခြင်းအဖွဲ့တို့ ပါဝင်သည်။


ဆက်လက်၍ အုပ်စု(င)တွင် အရှေ့ပိုင်းကျား (၂)၊ ၀မ်ကောင်း၊ တိုင်းရင်းသားလူငယ်(ခ) နှင့် မကာဟိုခမ်း၊ အုပ်စု(စ)တွင် ပါဆတ်၊ မိုင်းဖုန်း(ခ)၊ မယ်ခေါင် နှင့် ဆေခမ်း ပိုက်ကျော်ခြင်းအဖွဲ့တို့ ပါဝင်သည်။.



အုပ်စု(ဆ)တွင် ဆန်ဆိုင်း(ခ)၊ ဧဒင်သဲကျောက် လုပ်ငန်း(ခ)၊ ပုန်းထွန် နှင့် ၀မ်လုံး တို့ပါဝင်ပြီး အုပ်စု(ဇ)တွင် ထီလာလူငယ်၊ ၀ိန်းကျောက်၊ တိုင်းရင်းသားလူငယ်(က) နှင့် လွယ်တော်ခမ်း ပိုက်ကျော်ခြင်းအဖွဲ့တို့ ပါဝင်သည်။


ယခု ကျင်းပသည့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ပိုက်ကျော်ခြင်းအားကစား ၀ါသနာရှင် အသင်းအဖွဲ့ စုစုပေါင်း (၃၂)ဖွဲ့ ပါဝင်ကြောင်းနှင့် ဆုပေးပွဲကို သြဂုတ်လ(၃)ရက်နေ့တွင် ပြိုင်ပွဲကျင်းပသည့် တာချီလိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမ၌ပင် ပေးအပ်ချီးမြှင့် သွားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပေါင်မှာ တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>