Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျပ်သိန်းပေါင်း (၅)သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထုတ်လုပ်စက် အပါအ၀င် ဆက်စပ်ပစ္စည်းများ တာချီလိတ်၌ ဖမ်းမိ

$
0
0
တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု မယ်လိပါကော်(အပေါ်)ရွာတွင် ဇူလိုင်လ(၂၅)ရက်နေ့ မွန်းလွဲ(၂)နာရီ ၀န်းကျင်က ကျပ်သိန်းပေါင်း (၅)သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် စိတ်ကြွဆေးပြား ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ အပါအ၀င် လူ(၃)ဦးကို ဖမ်းဆီးရရှိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။



မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စု(၁၀၄)နေပြည်တော်၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့မှ တပ်ဖွဲ့ဝင်များနှင့် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် နှင့် တာချီလိတ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းကိုးကျေးရွာအုပ်စု မယ်လိပါကော်(အပေါ်)ရွာရှိ ဖါးဖါ၏ နေအိမ် နှင့် ရာဘာခြံအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းရရှိသည့်အတွက် ၀င်ရောက် စီးနင်းရှာဖွေရာမှ ယခုလို စိတ်ကြွဆေးပြားများနှင့် စိတ်ကြွဆေးပြား ထုတ်လုပ်သည့် စက်အပါအ၀င် ဆက်စပ်ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရမိတာဖြစ်ကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး၏ ပြောပြချက်အရ သိရသည်။




ဝင်ရောက်စီးနင်းရှာဖွေရာတွင် သတင်းရရှိထားသည့် ဖါးဖါ အပါအ၀င် ဂမ်ရှဲန်၊ အားထူ စသည့် (၃)ဦးကို ရာဘာခြုံလျှိုအတွင်းရှိ တဲအတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး ဖါးဖါ၏ နေအိမ်နှင့် ရာဘာခြံအတွင်းမှ စိတ်ကြွဆေးပြား (၁၈၅၈၀၀)ပြား၊ စိတ်ကြွရူးသွပ်ဆေးမှုန့် (၉၃.၉၂)ကီလို၊ မက်အက်ဖီတမင်း(အိုက်စ်) (၉)ကီလို၊ ဘိန်းဖြူ (၁၆)ကီလို နှင့် ကဖင်း (၂၄၈)ကီလို၊ စိတ်ကြွဆေးပြားရိုက်စက် (၁)စုံ၊ လုပ်သေနတ် (၁)လက် နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် အခြား ဆက်စပ်ပစ္စည်းစုစုပေါင်း (၂၃)မျိုးအပြင် မော်တော်ယာဉ်(၁)စီးနှင့် ဆိုင်ကယ်(၁)စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။




ဆက်လက်၍ မူးယစ်ဆေးဝါးများ နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက် အပါအ၀င် အခြားဓါတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသော  ဖါးဖါ အပါအ၀င် ဂမ်ရှဲန် နှင့် အားထူ  (၃)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၁၃/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)ဖြင့် လည်းကောင်း မယ(ပ)၁၁၄/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၁၆(ခ)/၂၁ ဖြင့် လည်းကောင်း၊ မယ(ပ)၁၁၅/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၁၆(ခ)/၂၂(ခ)/၂၁ ဖြင့် လည်းကောင်း အသီးသီး အရေးယူဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပေါင်မှာ တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>