Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဆန်ဆိုင်းချောင်းအတွင်း တပ်နယ်နှင့်စည်ပင်တို့ စုပေါင်းသန့်ရှင်း

$
0
0
မိုးတွင်းအခါ၌ အမှိုက်များကြောင့် ရေစီးရေလာ မကောင်းဘဲ ရေကြီးရေလျှံမှုဖြစ်ပေါ်လေ့ရှိသည့် တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်အကြားရှိ ဆန်ဆိုင်းချောင်းအတွင်း တာချီလိတ်တပ်နယ်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းကာ ချောင်းအတွင်း ရှင်းလင်းမှုများကို ယနေ့ ၂၀၁၅ခုနှစ် ဇွန်လ(၁၃)ရက် စနေနေ့ နံနက်အစောပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။



ယခုလို ဆောင်ရွက်ရာတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း ဦးစီးဦးဆောင်သည့် တာချီလိတ်တပ်နယ်မှ အရာရှိ စစ်သည်များ နှင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင် နှင့် တာဝန်ခံအင်ဂျင်နီယာ(အင်ဂျင်နီယာမှူး) ဦးလှမျိုးတို့ ပါဝင်သည့် စည်ပင်သာယာရေးအဖွဲ့ဝင်များမှ စုပေါင်းကာ ဆောင်ရွက်ခဲ့ကြသည်။



"ကျွန်တော်တို့ အပတ်စဉ် စနေနေ့တိုင်း မြို့ပေါ် ရပ်ကွက်တွေထဲမှာ သန့်ရှင်းရေး ဆောင်ရွက်ရန် လိုအပ်တဲ့ နေရာတွေ နဲ့ ရေစီးရေလာအတွက် အမှန်တကယ် လိုအပ်တဲ့နေရာတွေမှာ အခုလိုမျိုး စုပေါင်းပြီး လုပ်အားဒါနပြုသွားမှာပါ"ဟု တာချီလိတ်တပ်နယ်မှ အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


၎င်းတို့ စုပေါင်း၍ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်းချောင်းတစ်လျှောက် နှင့် လမ်းဘေးရှိ သစ်ပင်များ၊ ခြုံနွယ်များ နှင့် အမှိုက်များအား ရှင်းလင်းစေပြီး၊ ချောင်းအတွင်းရှိ အမှိုက်များ နှင့် ရွှံနွံများအား ရှင်းလင်းဖယ်ရှားစေခဲ့ကြသည်။


"ဒေသခံ ပြည်သူများအနေနဲ့ ချောင်းအတွင်း မြောင်းအတွင်းမှာ အမှိုက်တွေ လုံးဝကို မပစ်သင့်တော့ပါဘူး၊ အဲ့လိုပစ်တဲ့အတွက် ရေစီးရေလာတွေမှာ ခက်ခဲပြီး ရေကြီးရေလျှံရင် ပြည်သူတွေပဲ ထိခိုက်မှာပါ၊ စည်းကမ်းရှိမှ လူရာဝင်မှာ ဘယ်အရာမဆို စည်းကမ်းရှိဖို့လိုပါလိမ့်မယ်..."ဟု မကာဟိုခမ်းရပ်ကွက်နေ ဦးအောင်က ဆိုသည်။



တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရေစီးရေလာ ခက်ခဲသောနေရာများ၊ ချောင်းများ၊ မြောင်းများတွင် တာချီလိတ်တပ်နယ်မှ အပတ်စဉ် စနေနေ့တိုင်း၌ သန့်ရှင်းရေးများ ပြုလုပ်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်းများ နှင့် သက်ဆိုင်ရာ ရပ်ကွက်များမှလည်း ပါဝင်၍ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဓါတ်ပုံ။   ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>