Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာပါဝင်သည့် အကြိုဗိုလ်လုပွဲအား တာချီလိတ် ပြည်သူများ စုပေါင်းအားပေး

$
0
0
စင်္ကာပူနိုင်ငံတွင် ကျင်းပနေလျက်ရှိသည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဘောလုံးပွဲစဉ်များမှ မြန်မာဘောလုံးအသင်း နှင့် ဗီယက်နမ် ဘောလုံးအသင်းတို့၏ အကြိုဗိုလ်လုပွဲအဖြစ် ယနေ့(၁၃.၆.၂၀၁၅) နေ့လည်(၁၂း၃၀)နာရီတိတိအချိန်က စတင်ယှဉ်ပြိုင်ကြရာ တာချီလိတ်မြို့တွင် ပြည်သူများစုပေါင်း ကြည့်ရှုမှုနှင့်အတူ ပထမဦးဆုံး ဆောင်ရွက်မှုအဖြစ် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပရိုဂျတ်တာဖြင့် အခမဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသရာ ဒေသခံ ဘောလုံးဝါသနာရှင် အမြောက်အများမှ လာရောက်၍ ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ကြသည်။



"တာချီလိတ်မြို့မှာ ဒီလိုကြည့်ရတာ ပထမဆုံးပဲဗျာ၊ ဒီလိုစုပေါင်းပြီး အားပေးရတဲ့ အရသာက လက်ဖက်ရည်ဆိုင်တွေမှာ၊ ကိုယ့်အိမ်ကိုယ်မှာ ကြည့်ရတာနဲ့လုံးဝ မတူဘူးဗျ၊ အားလုံးနဲ့အတူ အော်ဟစ်အားပေးရတာ အရမ်းကျေနပ်တယ်..."ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှားဆိုင်ကယ်ပြေးဆွဲသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ယခုလို မြို့အနေဖြင့် ပြုလုပ်ပေးခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ဆက်လက်၍လည်း ဇွန်လ(၁၅)ရက်နေ့ ည(၇)နာရီတိတိတွင် မြန်မာဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ကစားမည့် နောက်ဆုံးဗိုလ်လုပွဲအား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ယခုထက်ပို ခမ်းနားစွာဖြင့် ဆောင်ရွက်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။




"ဒီနေ့ပွဲမှာ မြန်မာနိုင်လို့ အရမ်းအားရကျေနပ်တယ်၊ ဗိုလ်လုပွဲကို ရှမ်းရိုးမကွင်းထဲမှာ ပြသမယ်ဆိုတော့ အရမ်းဝမ်းသာတယ်၊ အဲ့ဒီနေ့ ကျွန်တော်တို့ အဖွဲ့တွေ လာကြည့်ဦးမှာ.."ဟု ပုန်းထွန်ရပ်ကွက်နေ လူငယ်တစ်ဦးက ဆိုသည်။




ယနေ့ ဇွန်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် အကြိုဗိုလ်လုပွဲအဖြစ် မြန်မာဘောလုံးအသင်း နှင့် ဗီယက်နမ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြရာ မြန်မာဘောလုံးအသင်းမှ ဗီယက်နမ်ဘောလုံးအသင်းအား (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိသွားပြီး ဇွန်လ(၁၅)ရက်နေ့တွင် ကျင်းပမည့် နောက်ဆုံးဗိုလ်လုပွဲအတွက် မြန်မာဘောလုံးအသင်းမှ အသင့်စောင့်ဆိုင်းနေပြီဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>