Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အသက်(၁၇)နှစ်အောက် မြန်မာနိုင်ငံသား လူငယ် (၂၆)ဦးအား ထိုင်းမှ ဖမ်းဆီးပြီး မြန်မာသို့ လွှဲပြောင်း

$
0
0
ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ လိမ္မော်ခြံအတွင်းမှ ဖမ်းဆီးထားသော အသက်(၁၇)အောက် မြန်မာနိုင်ငံသား လူငယ် အများအပြား ပါဝင်သည့် တရားမ၀င် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ယနေ့ ဇွန်လ(၁၂)ရက်နေ့ ညနေပိုင်းကတာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ထိုင်းဘက်မှ လာရောက် လွှဲပြောင်းရာ မြန်မာဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းမှုကို လက်ခံခဲ့ကြသည်။


လွှဲပြောင်းလာသူများထဲတွင် မေလ(၁၅)ရက်နေ့က ချင်းရိုင်းခရိုင်၊ လိမ္မော်ခြံအတွင်းမှ ဖမ်းဆီးခံရသော အသက်(၁၇)အောက် လူငယ် (၂၆)ဦး နှင့် မယ်ဆိုင်တွင် အဖမ်းခံရသူ(၁)ဦး မြန်မာနိုင်ငံသားမဟုတ်သူ (၁)ဦး စုစုပေါင်း (၂၈)ဦးအား လွှဲပြောင်းလာရာ အဆိုပါ (၂၈)ဦးထဲမှ မြန်မာနိုင်ငံသား မဟုတ်သူအား CNCMC မှ ဦးစည်သူမောင်မှ စိစစ်ကာ ထိုင်းဘက်သို့ ပြန်လည်၍ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။


မြန်မာနိုင်ငံသားမဟုတ်သူအား ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသားဟု သတ်မှတ်ကာ လွှဲပြောင်းပေးအပ်လာတာဖြစ်ကြောင်း၊ ၎င်းအနေဖြင့် မည်သည့်နိုင်ငံသားဖြစ်ကြောင်း ပြောဆိုနိုင်ခြင်း မရှိသည့်အပြင် ထိုင်းစကား၊ မြန်မာစကား၊ အာခါ၊ လာဟူ၊ ရှမ်း၊ စသည့် ဘာသာစကားတစ်ခုခုကိုလည်း ပြောဆို နားလည်ခြင်းမရှိသည့်အတွက် ထိုင်းလ၀ကသို့ ပြန်လည်၍ လွှဲပြောင်းလိုက်တာဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားမဟုတ်သူအား ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသားဟု သတ်မှတ်ကာ လွှဲပြောင်းပေးအပ်လာတာဖြစ်ကြောင်း၊ ၎င်းအနေဖြင့် မည်သည့်နိုင်ငံသားဖြစ်ကြောင်း ပြောဆိုနိုင်ခြင်း မရှိသည့်အပြင် ထိုင်းစကား၊ မြန်မာစကား၊ အာခါ၊ လာဟူ၊ ရှမ်း၊ စသည့် ဘာသာစကားတစ်ခုခုကိုလည်း ပြောဆို နားလည်ခြင်းမရှိသည့်အတွက် ထိုင်းလ၀ကသို့ ပြန်လည်၍ လွှဲပြောင်းလိုက်တာဖြစ်ကြောင်း သိရသည်။


ယခု ပြန်ပို့လာသော တရားမ၀င် မြန်မာအလုပ်သမား လူငယ်လေးများမှာ မိုင်းရှူး ၊ မိတ္ထီလာ ၊ မကွေး ၊ ကျောက်ပန်းတောင်း ဒေသများမှဖြစ်ကြပြီး ၎င်းတို့ အနက် မကွေးအဝေးသင်တက္ကသိုလ်တွင် စီးပွားရေးဘာသာရပ်ဖြင့် ပညာသင်ယူနေသူတစ်ဦး ၊ ပင်လုံတက္ကသိုလ်တွင် ပထ၀ီ ဘာသာရပ်ဖြင့် ပညာသင်ယူနေသူတစ်ဦးတို့ ပါဝင်ကြောင်းသိရသည်။


ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)မှ လုပ်ငန်းအကောင်အထည်ဖော်ရေး ဆပ်ကော်မတီ ဒု-ဥက္ကဌ ဦးအောင်ဖြိုးရှိန်၊ အတွင်းရေးမှူး ဦးစည်သူမောင်၊ ကော်မတီဝင် ဦးထွန်း(မယ်ဆိုင်) နှင့် ပြန်ကြားရေး ကိုဇောင်း တို့မှ CNCMC အမှတ်တံဆိပ်ပါ အ၀တ်အထည်များအား ပေးဝေခဲ့ကြပြီး လူကုန်ကူးမှုအန္တရာယ် နှင့် မြန်မာနိုင်ငံတွင်း ပွင့်လင်းလာသည့် အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်းကို  ရှင်းလင်းပြောကြားကာ နှစ်သိမ့်အားပေးခဲ့ကြသည်။

အဆိုပါ အသက် (၁၇)နှစ်အောက် လူငယ်များမှာ ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံသို့ မသွားရောက် လိုတော့ကြောင်း နှင့် မိမိတို့၏ နေရပ်သာ ပြန်လိုတော့ကြောင်း တညီတညွှတ်တည်း ပြောဆိုကြသည်။

ယခုလွှဲပြောင်းမှုတွင် ပါဝင်သော အသက်(၁၇)နှစ်အောက် လူငယ် (၂၆)ဦးသည် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်းရှိ လိမ္မော်ခြံမှဖြစ်ပြီး မေလ(၁၅)ရက်နေ့က အဆိုပါ လိမ္မော်ခြံအတွင်းမှ အသက်(၁၈)နှစ်အထက် (၈၄)ဦးကို ဖမ်းဆီးရာတွင် အဖမ်းခံရသူများဖြစ်ပြီး (၈၄)ဦးအား မေလ(၂၂)ရက်နေ့က လွှဲပြောင်းခဲ့ပြီးနောက် ယခု (၁၇)နှစ်အောက် လူငယ် (၂၆)ဦးကို ယနေ့ ဇွန်လ(၁၂)ရက်နေ့တွင် လွှဲပြောင်းလာခြင်းဖြစ်သည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>