Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာ နှင့် ဗီယက်နမ် အကြိုဗိုလ်လုပွဲ တာချီလိတ်၌ စုပေါင်းကြည့်ရှုနိုင်ရန် စီစဉ်ထားရှိ

$
0
0
စင်္ကာပူနိုင်ငံတွင် ကျင်းပနေလျက်ရှိသည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဘောလုံးပွဲစဉ်များမှ မြန်မာဘောလုံးအသင်း နှင့် ဗီယက်နမ် ဘောလုံးအသင်းတို့မှ အကြိုဗိုလ်လုပွဲအဖြစ် (၁၃.၆.၂၀၁၅) နေ့လည်(၁၂း၃၀)နာရီတိတိအချိန်တွင် စတင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ အများပြည်သူများ ကြည့်ရှုနိုင်ရန် ပရိုဂျတ်တာဖြင့် အခမဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်းနှင့် ပွဲမစတင်မီ ဖျော်ဖြေပွဲများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ဘောလုံးပွဲ မစတင်မီနှင့် ပထမပိုင်းပြီးချိန်(၁၅)မိနစ်အတွင်း တာချီလိတ်လူငယ်များမှ ဘောလုံးပွဲသို့ ကြွရောက်အားပေးမည့် ဘောလုံးပရိသတ်များအား B Boy အကဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံ၌ ကျင်းပနေသည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲစဉ်များမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အသက် (၂၃)နှစ်အောက် အမျိုးသား လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှား အသင်းကို (၄) ဂိုး (၂) ဂိုး ၊ အိမ်ရှင် စင်္ကာပူအသင်းကို (၂) ဂိုး (၁) ဂိုး၊ ဖိလစ်ပိုင်အသင်းကို (၅)ဂိုး (၁)ဂိုး နှင့် အနိုင်ကစားခဲ့ပြီး ၊ ကမ္ဘောဒီးယားအသင်းကို (၃) ဂိုးစီ သရေဖြင့် ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည်။


"ဒီမှာက LED TVတွေက မရှိတော့၊ အဆင်ပြေတဲ့ နည်းလမ်းဖြစ်တဲ့ ပရိုဂျတ်တာနဲ့ပဲ စီစဉ်ထားပါတယ်၊ နေ့လည်ခင်းဖြစ်နေတော့ အလင်းရောင်ထိုးမှုတွေ အဆင်မပြေနိုင်လို့ ခန်းမအတွင်းမှာ စီစဉ်လိုက်တာပါ၊ နောက်ဆုံးဗိုလ်လုပွဲကိုတော့ မြန်မာစံတော်ချိန် ည(၇)နာရီမှ ကျင်းပမှာဆိုတော့ ကျွန်တော်တို့တွေ ရှမ်းရိုးမကွင်းမှာ ပြသဖို့ စီစဉ်ထားပါတယ်.."ဟု စီစဉ်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားပြီဖြစ်သည့် အသက် (၂၃)နှစ်အောက် မြန်မာနိုင်ငံကိုယ်စားပြု ဘောလုံးအသင်းမှာ ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ တာချီလိတ်မြို့ပေါ်ရှိ ဘောလုံးချစ်ပရိသတ်များ လွတ်လပ်စွာ စုပေါင်းအားပေးနိုင်ရန်အတွက် တာချီလိတ်မြို့ အောင်မြတ်ခန်းမအတွင်း ပြသခြင်းဖြစ်သည်။



ဇွန်လ (၁၃) ရက်နေ့ စနေနေ့ နေ့လည်(၁၂)နာရီ (၃၀)မိနစ် တွင် တိုက်ရိုက် ထုတ်လွှင့်မှာဖြစ်သည့် အတွက် တာချီလိတ်မြို့ရှိ ဘောလုံးချစ်ပရိတ်သတ်များ အောင်မြတ်ခန်းမတွင် လာရောက်အားပေးနိုင်ကြမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>