Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဆင်းရဲနွမ်းပါးပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တာချီလိတ်ပညာရေးဖောင်ဒေးရှင်းအား တည်ထောင်ထားရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်

$
0
0

တာချီလိတ်မြို့တွင် ဆင်းရဲနွမ်းပါး၍ ပညာဆက်လက် သင်ယူရန် ခက်ခဲသော ထူးချွန်ထက်မြက်သည့် ကလေးများအား ထောက်ပံ့နိုင်ရန် တာချီလိတ်ပညာရေးဖောင်ဒေးရှင်းအား ကျပ်သိန်း(၆၀)ဖြင့် မတည်၍ တည်ထောင်ထားရှိကြောင်း သိရသည်။


"အခု ဘာသာစုံဂုဏ်ထူးနဲ့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ အောင်ခဲ့တဲ့ မိုင်းကိုးကျေးရွာ အထက်တန်းကျောင်းက ဆေးကျောင်းသူ မနန်းမော်မော်အောင်ကို တစ်လ ကျပ်(၃)သိန်းနဲ့ ထောက်ပံ့တာ (၂)လရှိပါပြီ၊ ဒီလိုဘဲ တာချီလိတ်မြို့နယ် အတွင်းမှာ တကယ်ထူးချွန်ပြီး ပညာဆက်လက်သင်ကြားဖို့ ခက်ခဲတဲ့ ကလေးတွေကို ထောက်ပံ့နိုင်အောင် တည်ထောင်ထားတာပါ.."ဟု တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


တာချီလိတ်မြို့နယ် အတွင်းရှိ ပညာထူးချွန်သော ကလေးများအား ထောက်ပံ့ပေးရာတွင် ပညာရေးမှတ်တမ်းပေါ် အခြေခံ၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ငယ်စဉ်မှ ထူးချွန်ထက်မြက်သူများအား အဓိကထား ထောက်ပံ့မည်ဖြစ်ကြောင်း၊ ပညာသင်စရိတ်ထောက်ပံ့ပေးချိန်တွင် လစဉ်ပညာရည်ချွန် မှတ်တမ်းများအား ကြည့်ရှုသွားမည်ဖြစ်ကြောင်း နှင့် ထောက်ပံ့စဉ်တွင် လစဉ် အမှတ်စာရင်းများ ကျဆင်းသွားပါက ဆက်လက်ထောက်ပံ့မည် မဟုတ်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။


တာချီလိတ်မြို့တွင် ပညာရေးနှင့်ပတ်သက်၍ ပထမဆုံးပြုလုပ်သည့် ဖောင်ဒေးရှင်းဖြစ်ကြောင်း သိရပြီး ဘဏ္ဍာရေး အခြေအနေအလိုက် ပညာရေးနှင့် သက်ဆိုင်မှုများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ဆိုသည်။

"အဓိကတော့ စကော်လာရှစ်ပုံစံနဲ့ ပေးသွားမှာပါ၊ စံချိန်စံညွှန်းတွေကိုတော့ မသတ်မှတ်ရသေးဘူး၊အဓိကတော့ ပညာဆက်လက် သင်ဖို့ခက်ခဲတဲ့ ကလေးတွေကို ထောက်ပံ့ဖို့နဲ့ ဒေသအတွင်းမှာ ထူးချွန်တဲ့ ကလေးတွေ ထွက်ပေါ်ဖို့ ထူးချွန်တဲ့ ကလေးတွေလည်း ပညာဆက်လက် မသင်ကြားနိုင်ခြင်း မရှိအောင်လို့ပါ.."ဟု တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ နာယကတစ်ဦးဖြစ်သူ ဦးထိန်မင်းမှ ပြောသည်။

တာချီလိတ်ပညာရေးဖောင်ဒေးရှင်းအား စေတနာရှင် မိဘပြည်သူများနှင့် ပညာရေးအခန်းကဏ္ဍအား မြှင့်တင်လိုသူများအနေဖြင့်  ပါဝင်လှူဒါန်းနိုင်ကြောင်း နှင့် ပါဝင်လှူဒါန်းလိုပါက အောက်ပါအတိုင်း ဆက်သွယ် လိပ်စာမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

ဆက်သွယ်လှူဒါန်းနိုင်ရန်
တာချီလိတ်ပညာရေးဖောင်ဒေးရှင်း

မြန်မာဖုန်း။  ။ 095242865၊
ထိုင်းဖုန်း။  ။ 0827581300


 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>