Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဆရာ၊ ဆရာမ (၅၉)ဦး သင်ယူခဲ့သည့် မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ အထူးသင်တန်း၏ သင်တန်းဆင်းပွဲ တာချီလိတ်၌ ပြုလုပ်

$
0
0
၂၀၁၅ - ၂၀၁၆ မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ အထူးသင်တန်းဆင်းပွဲကို ယနေ့ ဇွန်လ(၈)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ သွယ်ဟော့ပေါ့ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်ပညာရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားအဖြစ် ၎င်းအနေဖြင့် ကျောင်းတက်စဉ်အခါက ကြုံတွေ့ခဲ့ရပုံများ၊ ဆရာ၊ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ မိဘသဖွယ်ဖြစ်ကြောင်း စသည်ဖြင့် ပညာရေးနှင့် ပတ်သက်၍ အကျယ်တ၀င့် ပြောကြားသည်။


ယင်းနောက် မြို့ပညာရေးမှူး ဦးစိန်ထွန်းလှက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် သင်တန်းဆင်း ဆရာ၊ ဆရာမများကိုယ်စား ဦးနေမျိုးလင်းက ကျေးဇူးတင်စကား ပြောကြားသည်။



ဆက်လက်၍ သင်တန်းတွင် ဆုရရှိသူ ဆရာ၊ ဆရာမများ၏ အမည်များကို သက်ဆိုင်ရာ ဆရာကြီးများ နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့်တို့မှ ဖွင့်ဖောက် ကြေညာပြီး ဆုရရှိသူ ဆရာမများအား ဂုဏ်ပြု ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


တစ်ဆက်တည်းမှာပင် သင်တန်းဆင်း ဆရာ၊ ဆရာမများအား သင်တန်းဆင်းလက်မှတ်များကို မြို့နယ်ပညာရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှတို့မှ ပေးအပ်ရာ သင်တန်းဆင်း ဆရာ၊ ဆရာမများအားလုံးကိုယ်စား ဆရာ၊ ဆရာမနှစ်ဦးက လက်ခံရယူသည်။



အခမ်းအနားတွင် ဖျော်ဖြေရေးများဖြင့် ဆရာ၊ ဆရာမများမှ ကပြဖျော်ဖြေတင်ဆက်ကြရာ ပန်းပွားအက ဖြင့် ဖျော်ဖြေသည့် အကအဖွဲ့အား မြို့နယ်ပညာရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း မှ (၁၅၀၀)ဘတ်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ (၁၅၀၀)ဘတ် နှင့် ပညာကမ္ဘာကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ (၁၅၀၀)ဘတ်အား ဆုငွေအဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။



ယခု သင်တန်းဆင်းပွဲအဖြစ် ကျင်းပပြုလုပ်သည့် ၂၀၁၅ - ၂၀၁၆ မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ အထူးသင်တန်းကို ၂၀၁၅ခုနှစ် မေလ(၄)ရက်နေ့က စတင်၍ သင်တန်းပို့ချခဲ့တာဖြစ်ပြီး ၂၀၁၅ခုနှစ် ဇွန်လ(၈)ရက်နေ့မှာ ပြီးမြောက်ရာ အဆိုပါ သင်တန်းတွင် ဆရာ၊ ဆရာမ စုစုပေါင်း (၅၉)ဦး တက်ရောက်သင်ယူခဲ့ပြီး သင်ကြားမှု အဖြစ် ဆရာ၊ ဆရာမ (၁၃)ဦးက ပို့ချပေးခဲ့တာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>