Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မှုခင်းကျဆင်းရေးနှင့် ရွေးကောက်ပွဲ ကာလအတွင်း သတိရှိရေး တာချီလိတ်ရဲတပ်ဖွဲ့မှ အသိပညာပေး

$
0
0
မှုခင်းကျဆင်းရေးအတွက် ပြည်သူလူထုပါဝင်၍ သတင်းပေးရန်နှင့် ရွေးကောက်ပွဲ ကာလအတွင်း ဆန္ဒမဲပေးမှုနှင့် ပါတ်သက်၍ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း ဇွန်လ(၈)ရက် နေ့လည်ပိုင်းက တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သော မှုခင်းအသိပညာပေးဆွေးနွေးပွဲတွင် တာချီလိတ်ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။


"မှုခင်းဖြစ်ပွားရင် အရင်ဆုံး ရဲတပ်ဖွဲ့ကို အကြောင်းကြားသင့်ပါတယ်၊ အကြောင်းမကြားဘဲ မသိချင်ယောင်ဆောင်ရင်တော့ သတင်းထိန်ချန်မှုဖြစ်တဲ့ ပုဒ်မ-၂၀၂နဲ့ တရားစွဲလို့ရပါတယ်.."ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းက အသိပညာပေး ဆွေးနွေးပွဲ၌ ပြောသည်။


ဓါးထိုးမှုကဲ့သို့ မှုခင်းမျိုးတွင် ရဲတပ်ဖွဲ့အား အကြောင်းမကြားဘဲ လူနာအား လှစ်လျှူရှုခဲ့လျှင် အချိန်မီ အသက်ကယ်တင်နိုင်ခြင်း မရှိသဖြင့် အသက်ဆုံးရှုံးနိုင်ကြောင်း၊ ထို့ပြင် တရားခံအား ဖမ်းဆီးနိုင်ခြင်းမရှိဘဲ၊ လွတ်သွားနိုင်ကြောင်းနှင့် မတ်လပိုင်းတွင် ဖြစ်ပွားသော (၇)နှစ်အရွယ်ကလေးငယ်အား သတ်ဖြတ်မှုတွင် အများပြည်သူများ သတင်းပေးရန် ကြေညာထားသော်လည်း သတင်းပေးခြင်း မရှိသဖြင့် ၎င်းတို့အနေဖြင့် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ၎င်းမှ ပြောကြားခဲ့သည်။


၂၀၁၅ ရွေးကောက်ပွဲ နီးကပ်နေပြီ ဖြစ်သဖြင့် ရွေးကောက်ပွဲအတွင်း ဆန္ဒမဲပေးရာတွင် ခြိမ်းခြောက်၍ ဆန္ဒမဲပေးစေခြင်း၊ ဆန္ဒမဲ မပေးရန်အလိုငှာ တားဆီးပိတ်ပင်ခြင်းနှင့် အများပြည်သူလုံခြုံရေးအတွက် ရဲတပ်ဖွဲ့နှင့် အများပြည်သူ ပူးပေါင်းမှသာ ပွင့်လင်းလွတ်လပ်သော ရွေးကောက်ပွဲဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မှုခင်းအသိနှင့် အများပြည်သူများမှ သတင်းပေးအကြောင်းကြားရန်  ထပ်မံပြောကြားသည်။


တာလော့ရပ်ကွက်တွင် လမ်းမီးတိုင်တစ်ချို့ မီးလာခြင်း မရှိခြင်းကြောင့် မှောင်ရိပ်ခိုသည့် မှုခင်းများ ဖြစ်ပွားနိုင်သည့် အတွက် လမ်းမီးတိုင်များ မီးလင်းရန် ရပ်ကွက်မှ မီးလင်းရေးကော်မတီသို့ အကြောင်းကြားထားသော်လည်း ထူးခြားမှု မရှိကြောင်း ရပ်ကွက်မီးတိုင်များ မီးလင်းစေလိုကြောင်း ရပ်ကွက် ရပ်မိရပ်ဖများမှ ဆွေးနွေးခဲ့ကြောင်းသိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>