Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အခြေခံမဲဆန္ဒရှင်စာရင်းများ ဖော်ပြပေးရန်အတွက် နိုင်ငံရေးပါတီနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ တွေ့ဆုံ

$
0
0
အခြေခံ မဲဆန္ဒရှင်စာရင်းအား ရပ်ကွက်နှင့် ကျေးရွာအုပ်စုရုံးများတွင် ဖေါ်ပြပေးသွားမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်များ သွားရောက်ကြည့်ရှုနိုင်ရန်အတွက် နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ လှုံ့ဆော်ပေးကြရန် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ယနေ့ မေလ(၂၆)ရက် နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် နိုင်ငံရေးပါတီနှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံပွဲတွင် ပြောကြားသည်။


“မေလ(၂၈)ရက်နဲ့ ဇွန်လ(၅)ရက်နေ့အတွင်းမှာ ရပ်/ကျေးရုံးတွေမှာ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို အများပြည်သူများ သိနိုင်ရန်အတွက် ဖော်ပြပေးသွားမှာပါ၊ နိုင်ငံရေးပါတီနဲ့ လူမှုအဖွဲ့အစည်းတွေက အခြေခံ မဲဆန္ဒရှင်စာရင်းကို ပြည်သူတွေ သွားရောက်ကြည့်ရှုဖို့ လှုံ့ဆော်ပေးကြပါ၊ လက်ကမ်းစာစောင်နဲ့ ပိုစတာတွေနဲ့လည်း ကြော်ငြာပေးသွားမှာပါ”ဟု တာချီလိတ် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နောင်စိုးမှ ပြောကြားသည်။

အခြေခံမဲဆန္ဒရှင်စာရင်းများတွင် အမည် စာလုံးပေါင်း မှန်ကန်မှုမရှိခြင်း၊ အမည်စာရင်း ပါဝင်မှု မရှိခြင်းများအား ထပ်မံ၍ ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း၊ တာချီလိတ်မြို့နယ်အတွင်း ရက်ပေါင်း (၁၆၀)အတွင်း နေထိုင်သူများအား ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပုံစံ(၆၆/၆)အား ပြောင်းရွှေ့ထည့်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


“ပုံစံ(၆၆/၆)မှာ အသက်(၁၈)နှစ်မပြည့်သူ၊ စိတ်မမှန်သူ၊ နိုင်ငံတော်မှ လူမွဲစာရင်းတင်သွင်းထားသူတွေ ပါဝင်မှာ မဟုတ်ပါဘူး”ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထိန်မင်းမှပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကြိုတင်မဲ (၃)မျိုးပေးနိုင်ကြောင်း နိုင်ငံ့ဝန်ထမ်းများ၊ တက္ကသိုလ် ကျောင်းသားများ၊ အစိုးရ အစီအစဉ်ဖြင့် နိုင်ငံရပ်ခြားတွင် ပညာသင်ခြင်းနှင့် တာဝန်ထမ်းဆောင်သူများ ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ယခင်က ကော်မတီဝင်(၇)ဦးသာရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတရန် (၁၅)ဦးအထိ တိုး၍ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

တာချီလိတ် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် တာချီလိတ်မြို့နယ် အတွင်းရှိ နိုင်ငံရေးပါတီများဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၊ NLD၊ SNDP၊ SNLDနှင့် တစညပါတီ စသည့် ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး မြို့နယ်နှင့်ရပ်/ကျေးအဆင့် ရွေးကောက်ပွဲကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

NLD ပါတီမှ တာချီလိတ်ခရိုင်အတွင်း ကျေးရွာအုပ်စုများတွင် ပြည်ခိုင်ဖြိုးကျေးရွာအမည်ဖြင့် ဆိုင်းဘုတ်များ ရှိနေခြင်းအပေါ် ရွေးကောက်ပွဲတွင် မျှတမှု မရှိနိုင်ကြောင်း ထိုကျေးရွာများတွင် အခြားနိုင်ငံရေးပါတီများကို ဆန္ဒမဲပေးလိုသူများ ရှိနေသည့်အတွက် လွှမ်းမိုးမှုများရှိနိုင်ကြောင်း ဆွေးနွေးတင်ပြသွားခဲ့သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ နိုင်ငံရပ်ခြားတွင် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူများ အတွက် ဆန္ဒမဲပေးနိုင်ရေးအား ဆွေနွေးခဲ့ရာ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သူများသာ သက်ဆိုင်ရာ သံရုံးများတွင် အမည်စာရင်းပေးသွင်း၍ ဆန္ဒမဲပေးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်ဖြေကြားခဲ့သည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~ကြော်ငြာ ~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>