Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မဲစာရင်း / မဲရုံကိုယ်စားလှယ် နှင့် မဲပေးနည်းသင်တန်း တာချီလိတ် NLD ရုံးတွင် သင်တန်းပို့ချ

$
0
0
၂၀၁၅ ရွေးကောက်ပွဲတွင် အများပြည်သူ ဆန္ဒမဲပေးမှု အနေဖြင့် စိတ်ပါဝင်စားစွာ ပါဝင်နိုင်ရန်နှင့် ပြည်သူ လူထုများ ဆန္ဒမဲ မှန်ကန်စွာ ပေးနိုင်စေရန်အတွက် တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များအား ယနေ့ မေလ(၂၆)ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအချိန်ထိ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မဲပေးနည်းသင်တန်းကို ပို့ချခဲ့ကြောင်း သိရသည်။


“ပြည်သူတွေ ဆန္ဒမဲ မှန်ကန်စွာပေးတတ်အောင်နဲ့ အခြေခံ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်မှု ရှိမရှိကအစ သွားရောက် ကြည့်ရှုအောင် စာရင်းမှာ မပါရင် ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားနိုင်အောင် ပါတီဝင်တွေကနေ တဆင့် ပြည်သူတွေကို ပြန်လည်ချပြနိုင်အောင် သင်တန်းလာပေးတာပါ”ဟု NLDပါတီ(ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


ဆန္ဒမဲပေးနည်းသင်တန်းအား ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း(၅၀)တို့တွင် သင်ကြားပေးခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စုစုပေါင်း (၉)မြို့မြောက်အဖြစ် သင်ကြားပေးရာ တာချီလိတ်မြို့တွင် သင်ကြားပေးမှုသည့် ရှမ်းပြည်နယ်ခရီးစဉ်၏ နောက်ဆုံးမြို့ဖြစ်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။


အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ မိုင်းယောင်း၊ မိုင်းဆတ်၊ တာလေ နှင့် တာချီလိတ်မြို့နယ် အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများမှ စုစုပေါင်း ပါတီဝင်(၇၇)ဦးတက်ရောက် လေ့လာခဲ့ကြောင်း သိရသည်။


တာချီလိတ်မြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင် အင်အား (၁၅၀၀၀)ခန့် ရှိကြောင်း သိရပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကော်မတီများကို ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်ဆင့် ဖွဲ့စည်းမှု ပြီးစီးကြောင်း မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

NLD ပါတီမှ အများပြည်သူများ ဆန္ဒမဲမှန်ကန်စွာပေးနိုင်ရန် ပါတီဝင်များအား မြန်မာနိုင်ငံ အနှံ့အပြားတွင် သင်တန်းများ ပို့ချလျှက်ရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအား ရွေးချယ် သတ်မှတ်ထားခြင်း မရှိသေးကြောင်းနှင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မှုအား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>