Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်အဖြစ် သစ်ပင်အမျိုးအစား (၁၆)မျိုးကို တာချီလိတ်၌ စိုက်ပျိုး

$
0
0
၂၀၁၅ခုနှစ်၏ မိုးရာသီ ပထမအကြိမ်အဖြစ် ပြုလုပ်ပြီး တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ မေလ(၂၆)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုရှိ ဟွေလေလန်ကျေးရွာရှိ စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီးမှ တက်ရောက်ကာ သစ်ပင်အမျိုးအစား စုစုပေါင်း (၁၆)မျိုး ပါဝင်ပြီး အပင်ပေါင်း (၅၄၆)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။




ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ရှမ်းပြည်နယ်(ကျိုင်းတုံ) သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်နှင့် တာချီလိတ်ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အထောက်အကူပြုကော်မတီဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ ဒေသခံ တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။



အခမ်းအနားတွင်  ပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက "ဒီအပင်တွေကို စုပေါင်း စိုက်ပျိုးနေကြခြင်းဟာ ဒီကျောင်းနဲ့ ဒီဒေသအတွက် သစ်ပင် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသဆောင်ရွက်ကြခြင်းဘဲ ဖြစ်ပါတယ်.."ဟု အဖွင့်အမှာစကားအဖြစ် ပြောကြားသည်။



ပြည်နယ်ဝန်ကြီးမှ ဆက်လက်၍ "နေ့စဉ်စားဝတ်နေရေးအတွက် လိုအပ်လျှက်ရှိသည့် ထင်းလောင်စာများ ထုတ်လုပ်ခြင်း၊ ရွှေ့ပြောင်းတောင်ယာများ ခုတ်လှဲခြင်း၊ အခြားလိုအပ်ချက်များအတွက် ခုတ်လှဲ ထုတ်လုပ်နေကြခြင်းသည် သစ်ပင်သစ်တောများ စဉ်ဆက်မပြတ် လျော့နည်းကျဆင်းလာနေမှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း၊ နှစ်စဉ်ဧက အမြောက်အမြား တောမီးလောင်ကျွမ်းမှုကြောင့် သစ်ပင် သစ်တောများ၊ သဘာဝမြေဆွေးများ၊ သစ်မျိုးစေ့များ နှင့် အပင်ပေါက်ငယ်များ စဉ်ဆက်မပြတ် သေကြေပျက်စီးဆုံးစေလျှက် ရှိနေသည့်အတွက် မိမိတို့၏ ပတ်ဝန်းကျင်ရှိ သစ်ပင် သစ်တောများကို မိမိတို့အားလုံးက အသိစိတ်ဓါတ်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ အလွန်အရေးကြီးကြောင်း"ပြောကြားသွားသည်။



ယနေ့ စိုက်ပျိုးသည့် သစ်ပင်အမျိုးအစားများတွင် ကျွန်း(၃၀)ပင်၊ ကံ့ကော်(၂၅)ပင်၊ ချယ်ရီ(၂၅)ပင်၊ ခရေအပင်(၆၀)၊ မဟော်ဂနီ(၂၃)ပင်၊ ပိတောက်နက် အပင်(၂၀)၊ ငုစပ် (၂၅)ပင်၊ ငုရွှေဝါ(၂၅)ပင်၊ စိန်ပန်းကြီး အပင်(၆၀)၊ စိန်ပန်းပြာ(၂၅)ပင်၊ စွယ်တော် (၃၅)ပင်၊ ပင်လယ်ကဗွီး (၅၅)ပင်၊ မယ်ဇလီ(၅၅)ပင်၊ ယူကလစ်(၂၅)ပင်၊ မန်ဂျန်ရှား(၃၈)ပင် နှင့် ယမနေ အပင် (၂၀) စုစုပေါင်း အပင်အမျိုးအစား (၁၆)မျိုးပါဝင်ပြီး အပင်အရေအတွက်မှာ စုစုပေါင်း (၅၄၆)ပင်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


မြတ်ကေသီအောင် ပုံအား မှတ်ချက်ပေးကြသူများ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>