Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မူးယစ်ဆေးဝါး ရှာဖွေရေး အနံ့ခံခွေးဖြင့် စစ်ဆေးရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

$
0
0
တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် ဂျောပရွာဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါး အနံ့ခံခွေးဖြင့် စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၁၉၇၀)ပြားကို သယ်ဆောင်လာသူနှင့်အတူ ယနေ့ မေလ(၂၅)ရက် နံနက်(၉း၃၅)နာရီဝန်းကျင်က ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။


မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စု(၁၀၄)နေပြည်တော် နှင့် တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့သည် လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေး စခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဂျောပရွာဘက်မှ အားဗြေး(ကျား)မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိတာဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးများ ရှာဖွေရမိရာတွင် အားဗြေး(ကျား)မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါးရှာဖွေရေး အနံ့ခံခွေး မောင်တီ ဖြင့် စစ်ဆေးရှာဖွေရာမှ ဆိုင်ကယ်၏ ဒူးကာနှစ်ဘက်ကြား လေစစ်ဗူးအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၉၇၀)ပြားကို ရှာဖွေတွေ့ရှိရာ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၄၉.၂၅)သိန်း တန်ဖိုးရှိကြောင်း နှင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ အားဗြေး(ကျား)နှင့် လော်တဲ့တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈၄/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>