Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျားဖြူပါတီမှ ဦးဆောင်သည့် ရှမ်းစာပေ နှင့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ တာချီလိတ်၌ ပြုလုပ်

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ ဦးဆောင်ကာ Shan Association Computer Training (ကျောက်မဲ)တို့မှ ကြီးမှူးကျင်းပသည့် အခြေခံကွန်ပျူတာသင်တန်း နှင့် ရှမ်းစာပေ သင်တန်းဆင်းပွဲကို ယနေ့ မေလ(၂၅)ရက်နေ့က ကျင်းပပြုလုပ်သည်။



အဆိုပါ သင်တန်းကို ဧပြီလ(၁)ရက်နေ့မှ မေလ(၂၀)ရက်နေ့အထိ သင်ကြားပို့ချခဲ့ရာ ရှမ်း၊ အာခါ နှင့် လားဟူတိုင်းရင်းသားများမှ လာရောက်သင်ယူကြောင်း နှင့် သင်တန်းသား ဦးရေမှာ စုစုပေါင်း (၅၀၀)ကျော်ရှိခဲ့ကြောင်း သိရသည်။



အဆိုပါ သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း နှင့် ကျားဖြူပါတီမှ ဗဟိုကော်မတီဝင်များ၊ တာဝန်ခံများနှင့် ဒေသခံတိုင်းရင်းသားများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ရာ ပြည်နယ်ဝန်ကြီး ဦးစိုင်းအိုက်ပေါင်း နှင့် ဇနီးအပါအ၀င် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအပြင် ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။



အဆိုပါ သင်တန်းနှစ်မျိုးကို မိုင်းကိုးဘုန်းကြီးကျောင်း၊ ၀မ်လမ်းရွာဘုန်းကြီးကျောင်း၊ ၀မ်လုံးရွာ ဘုန်းကြီးကျောင်း၊ မိုင်းဖုန်း(ခ) ပါခုတ်ဘုန်းကြီးကျောင်း၊ ဝေလုရွာ နှင့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၏ ရုံးတွင် သင်ကြားပို့ချပေးရာ သင်တန်းနေရာ စုစုပေါင်း (၆)နေရာတွင် သင်ကြားပေးခဲ့ကြောင်း သိရသည်။



သင်တန်းတွင် Shan Association Computer Training (ကျောက်မဲ)မှ သင်ကြားမှု ဆရာ၊ ဆရာမ စုစုပေါင်း (၁၀)ဦးမှ လာရောက်သင်ကြားရာ ဆန်ကျင်ခမ်းကုမ္ပဏီမှ သင်ကြားမှု အထောက်အကူပြု ပစ္စည်းများဖြစ်သည့် ကွန်ပျူတာနှင့် စာရေးကိရိယာများကို ပံ့ပိုးပေးပြီး သင်တန်းတွင် အသက် (၁၄)နှစ်အရွယ်မှ အသက်(၆၅)နှစ်အရွယ်ထိ ပါဝင်ကြောင်း တာချီလိတ် ကျားဖြူပါတီမှ သိရသည်။



ကျားဖြူပါတီ၏ ဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာဝန်ခံ ဒေါ်နန်းငွေမြက "နောက်လာမဲ့ နှစ်မှာ ကျွန်မတို့ ပါတီအနေနဲ့ အခု ဖွင့်လှစ်ခဲ့ပြီးတဲ့ သင်တန်းများအပြင် မြန်မာစာပေ နဲ့ နိုင်ငံတကာသုံး အင်္ဂလိပ်စာပေများကိုပါ ထပ်မံထည့်သွင်းပြီး သင်ကြားပေးသွားဖို့ အစီအစဉ်တွေရှိပါတယ်..."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သတင်း/ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~ကြော်ငြာ ~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>