Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တရားမ၀င် မြန်မာအလုပ်သမား (၁၄)ဦးအား ထိုင်းဘက်မှ ဖမ်းဆီးပြီး ပြန်ပို့

$
0
0
ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င် မြန်မာအလုပ်သမားများအား ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းလ၀ကအဖွဲ့များက ဖမ်းဆီး၍ ထိုင်း - မြန်မာနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့သို့ အပတ်စဉ် လွှဲပြောင်းလျက်ရှိရာ ယနေ့ မေလ(၆)ရက် နေ့လည်ပိုင်းက မယ်ဆိုင်မြို့မှတဆင့် တရားမ၀င် မြန်မာအလုပ်သမား (၁၄)ဦးအား လာရောက် လွှဲပြောင်းလာကြောင်း သိရသည်။

( အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်၊  ၊ ဓါတ်ပုံ။  ။ ကိုငယ် )

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ လာရောက်လွှဲပြောင်းရာ၌ တရားမ၀င် မြန်မာ အလုပ်သမားများထဲတွင်  ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား(၄)ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ အမျိုးသား(၅)ဦး နှင့် အမျိုးသမီး (၁)ဦး မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၂)ဦး အပြင် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး စုစုပေါင်း (၁၄)ဦး ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့သို့ လာရောက်လွှဲပြောင်းမှုများတွင် ချင်းရိုင်းခရိုင်အတွင်း၌ ဖမ်းဆီးရမိသော တရားမ၀င် မြန်မာအလုပ်သမားများ အများဆုံးဖြစ်ပြီး ယခုလို လွှဲပြောင်းမှုသည် တစ်ပတ်လျှင် အနည်းဆုံး (၂)ကြိမ်ရှိကြောင်း အမှတ်(၁)ချစ်ကြည်ရေးတံတားရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

 ~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>