Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာဗီဒီယို ဇာတ်လမ်းခွေ ငှားရမ်းသည့် ဈေးကွက် တာချီလိတ်၌ သိသိသာသာ ကျဆင်း

$
0
0
တာချီလိတ်မြို့ရှိ ဗွီဒီယိုဇာတ်လမ်းခွေနှင့် စီဒီ၊ ဒီဗွီဒီခွေ အငှါးနှင့် အရောင်းဆိုင်လုပ်ငန်းများမှာ စလောင်းရုပ်သံလိုင်းများကြောင့် အရှုံးပေါ်သဖြင့် ခွေဆိုင် ပိတ်သိမ်းမှုများ ရှိကြောင်း ခွေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။


“တာချီလိတ်မှာ ခွေဆိုင်တွေ အရှုံးပေါ်ပြီး ပိတ်လိုက်ရတာတွေ များတယ်၊ အရင်က ခွေဆိုင်တွေ (၁၀၀)ကျော်ရှိတာ အခု(၅၀%)လောက် ပိတ်လိုက်ရပြီလို့ပြောလို့ရမယ်”ဟု တာချီလိတ် မြို့နယ်ဗီဒီယို အခြေခံအဖွဲ့မှ ဒု-ဥက္ကဌ ဦးအောင်မျိုးဝင်းမှပြောသည်။

တာချီလိတ်မြို့ရှိ ခွေဆိုင်လုပ်ငန်းများမှာ အရှုံးပေါ်မှုများ ပိုမိုများပြားလာသည့်အတွက် ဆက်လက် ရပ်တည်နိုင်ခြင်းမရှိကာ ဆိုင်ပိတ်လိုက်ရခြင်းဖြစ်ကြောင်း၊ ယခင်က မူပိုင်ခွင့် ခွေ(၃၀၀)ခန့် ယူခဲ့သော်လည်း ယခုအခါ ခွေ(၁၀၀)ခန့်သာ ယူနိုင်ပြီး ဈေးကွက်အတွင်း ရောင်းအား ကျဆင်းလျှက်ရှိကြောင်း ၎င်းထံမှသိရသည်။

“အရင်က တစ်ရက်ကို ခွေ(၁၀၀)လောက်ငှါးရတယ် ခွေအသစ်ဆိုရင် လက်မလည်ဘူး အခု ခွေငှါးလဲ ပါးသွားတယ် ရောင်းအားလည်း ကျသွားတယ်၊ အခု စလောင်းတွေပေါ်လာတော့ ပိုဆိုးတယ်”ဟု ကောင်းဆက်လင်း ဗွီဒီယိုခွေငှါးဆိုင်မှ ပိုင်ရှင် ဦးစိုးထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗွီဒီယိုအခွေ အငှါးဆိုင်လုပ်ငန်းများ အရှုံးပေါ်နေခြင်းမှာ ပြည်အတွင်း စလောင်းရုပ်သံလိုင်းများ စတင်ပေါ်ပေါက်လာကတည်းက ဖြစ်ကြောင်းနှင့် ဗွီဒီယိုဇာတ်ကားများအား စလောင်းရုပ်သံလိုင်းများတွင် လစဉ်ကြေးသွင်း၍ ကြည့်ရှုနိုင်သဖြင့် အများပြည်သူများ ခွေငှါးကြည့်ရှုခြင်း မရှိတော့ကြောင်း ၎င်းထံမှ သိရသည်။

"အခုနောက်ပိုင်း ရုပ်သံက တင်ဆက်မှုတွေလည်း ကောင်းလာသလို၊ အိမ်မှာလည်း ဘတ်(၁၅၀၀)တန် စလောင်းတပ်ထားတော့ မြန်မာစာတမ်းထိုးဇာတ်လမ်းတွေ၊ ကလေးတွေအတွက် ကာတွန်းကားတွေ ကြည့်လို့ရတော့ အဆင်ပြေနေတယ်။ အရင်ကတော့ မြန်မာဗီဒီယိုဇာတ်လမ်းခွေတွေ ငှားကြည့်ဖြစ်ပေမဲ့ အခုနောက်ပိုင်းတော့ မငှားကြည့်ဖြစ်တော့ဘူး..."ဟု ဒေသခံ ဒေါ်နန်းဖြူက ပြောသည်။

တာချီလိတ်မြို့သည် ထိုင်းနိုင်ငံ နယ်စပ်ဒေသဖြစ်သည့်အတွက် ထိုင်းနိုင်ငံမှ ၀င်ရောက်လာသော အခမဲ့ရုပ်သံလိုင်းများပါသည့် စလောင်းများအား ဒေသခံများ တပ်ဆင်ကြည့်ရှုမှု များပြားခြင်းကြောင့် ခွေဆိုင်များတွင် ငှါးရမ်းကြည့်ရှုခြင်း မပြုတော့ခြင်း ဖြစ်နိုင်ကြောင်း၊ ထိုင်းဘတ်ငွေ(၁၅၀၀)ဘတ်ရှိရုံဖြင့် စလောင်းများ တပ်ဆင်နိုင်သည့်အတွက် ခွေငှါးဆိုင်များတွင် ဗွီဒီယိုဇာတ်လမ်းခွေများ အဓိက ငှါးရမ်းမှုဈေးကွက် ပျောက်နေခြင်းဖြစ်ကြောင်း ခွေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

“ခွေငှါးကြည့်တာတော့ သိပ်မလုပ်တော့ဘူး အင်တာနက်လည်းကောင်းနေတော့ Youtube ကနေကြည့်လည်းရတယ်လေ၊ သီချင်းခွေဆိုရင်တော့ ကိုယ်ကြိုက်တဲ့ခွေဘဲ မူရင်းဝယ်ပြီးသိမ်းထားတယ်၊ အင်တာနက်မှာ Download ဆွဲပြီးနားထောင်လည်းရနေတော့ မ၀ယ်ဖြစ်တာများတယ်”ဟု ဒေသခံ တစ်ဦးမှပြောသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>