Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြို့မဈေး၌ မဲစနစ်ဖြင့် သတ်မှတ်ပေးထားသော ပျံကျခုံများတွင် သတ်မှတ်ရက် အတွင်း လာရောက် မရောင်းချပါက နေရာအား ကော်မတီပိုင် အဖြစ် သိမ်းမည်ဟု စည်ပင်သာယာရေး ကော်မတီမှ အသိပေးကြေညာ

$
0
0
အဆင့်မြှင့်တင် ဆောက်လုပ်ပြီးစီးပြီဖြစ်သော မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင်ဖြစ်သည့် တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးတွင် မဲစနစ်ဖြင့် သတ်မှတ်ပေးထားသော ပျံကျခုံ (၂၉၀)တို့မှ ဈေးသူ၊ ဈေးသားများ အနေဖြင့် သတ်မှတ်ရက်အတွင်း လာရောက် မရောင်းချပါက ဆိုင်ခန်းနှင့်ဆိုင်ခုံများကို ကော်မတီပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာချက်ကို မေလ(၅)ရက်နေ့က ထုတ်ပြန်ထားသည်။


မဲစနစ်ဖြင့် သတ်မှတ်၍ ရောင်းချပေးထားပြီဖြစ်သော ပျံကျခုံ(၂၉၀)ခုံမှ ဈေးသူ၊ ဈေးသားများ အနေဖြင့် ၅.၅.၂၀၁၅ ရက်နေ့မှ ၁၁.၅.၂၀၁၅ရက်နေ့ အထိ သတ်မှတ်ရက် (၇)ရက် အတွင်း ပြောင်းရွှေ့ ရောင်းချသွားရန်နှင့်  ပြောင်းရွှေ့ရောင်းချခြင်း မရှိပါက သတ်မှတ်ပေးထားသော ဆိုင်နေရာများကို ကော်မတီပိုင်အဖြစ် သိမ်းဆည်းသွားမှာဖြစ်ကြောင်း အဆိုပါ ကြေညာချက်အရ သိရသည်။

တာချီလိတ်မြို့မဈေးအား အဆင့်မြှင့်ဆောက်လုပ်မှုပြီးစီးသွားပြီးနောက် ဈေးဖွင့်ပွဲအား ယခုလထဲမှာပင် ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~ ကြော်ငြာ ~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>