Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မျက်စိကင်ဆာဖြင့် ကွယ်လွန်သွားသူ မောင်အားမူ၏ လက်ကျန် အလှူငွေများ မိဘများထံ ပေးအပ်

$
0
0
တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု သရက်ပင်ကျေးရွာနေ ဦးယေလမီနှင့် ဒေါ်နားလော တို့၏ အသက်(၃)နှစ်အရွယ်ရှိ သား မောင်အားမူသည်  မျက်စိကင်ဆာရောဂါကို ခံစားပြီး ဆေးကုသရန် အတွက် အကူအညီများ လိုအပ်နေရာမှ စေတနာရှင်များမှ စုပေါင်းလှူဒါန်းသည့် လှူငွေများထဲမှ လက်ကျန် အလှူငွေများအား ၎င်း၏ မိဘများထံ လွှဲပြောင်းပေးအပ်မှုအဖြစ် ယနေ့ ၂၀၁၅ခုနှစ် ဧပြီလ(၂၇)ရက် နံနက်ပိုင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၏ ရုံးခန်းတွင် ပြုလုပ်ခဲ့ကြသည်။

( စာရင်းရှင်းတမ်း )

အသက်(၃)နှစ်အရွယ်ရှိ မောင်အားမူသည် မျက်စိကင်ဆာဝေဒနာဖြင့် ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံထိ သွားရောက်ကုသခဲ့သော်လည်း သက်သာပျောက်ကင်းမှုမရှိပဲ ဦးနှောက်အတွင်းသို့ အမြစ်တွယ်ကာ ဧပြီလ(၈)ရက်နေ့ ည(၇)နာရီအချိန်က နေအိမ်၌ပင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏ မိဘများထံမှ သိရသည်။

မောင်အားမူ ကွယ်လွန်သွားသော်လည်း ဆက်လက်၍ အလှူငွေများ လှူဒါန်းလာသည့်အတွက် ယခင် လက်ကျန် အလှူငွေများနှင့်အတူ နောက်ဆုံးရရှိသည့် အလှူငွေများအား ကျန်ရစ်သူ မိဘများဖြစ်သည့် ဦးယေလမီ နှင့် ဒေါ်နားလော တို့ထံ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဒေသခံများ ကိုယ်စား အလှူငွေများ လက်ခံပေးသော စေတနာရှင်များမှ ထိုင်းဘတ်ငွေ (၄၅,၄၀၀)ဘတ်ကို လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။


တဆက်တည်းမှာပင် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့မှ ထောက်ပံ့ လှူဒါန်းသည့်  ကျပ်(၃)သိန်းအား တာချီလိတ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များမှ မောင်အားမူ၏ မိဘများအား ပေးအပ်လှူဒါန်းခဲ့ကြသည်။

( မကွယ်လွန်မီက မောင်အားမူ )

( ချင်းရိုင်း၊ ချင်းမိုင်၊ မယ်ဆိုင် နှင့် တာချီလိတ်မှ ကူညီပေးကြသူများ )

မောင်အားမူ အတွက် ပေးအပ်လှူဒါန်းလာသည့် အလှူငွေများကို ဦးထွန်း(မယ်ဆိုင်)၊ မမီးမီး(ချင်းမိုင်) နှင့် ဦးအောင်ဖြိုးရှိန်(သူရိယသင်္ကန်းတိုက်) အပြင် ဦးကျော်ဝင်းထွန်း(ချင်းရိုင်း)တို့မှ အသီးသီး ကူညီကောက်ခံပေးရာ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့မှ လှူဒါန်းသည့် အလှူငွေ အပါအ၀င် စုစုပေါင်း ထိုင်းဘတ်ငွေ (၅၃,၃၀၀)ဘတ် နှင့် ကျပ်(၃)သိန်းတို့ရရှိခဲ့ရာ ယနေ့ လွှဲပြောင်းပေးအပ်သည့် အလှူငွေများမှာ ဆေးကုသမှုစရိတ်အပြီး လက်ကျန်ငွေများဖြစ်ရာ စုစုပေါင်းမှာ ကျပ်(၃)သိန်း နှင့် ထိုင်းဘတ်ငွေ (၄၅,၄၀၀)ဘတ်ဖြစ်သည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>