Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မျက်စိကင်ဆာရောဂါ ခံစားနေရသူ ဒေါ်နန်းနွန်းအား စေတနာရှင်များမှ အားပေးကူညီ

$
0
0
တာချီလိတ်မြို့တွင် အသက်(၃၄)နှစ်အရွယ်ရှိ ရှမ်းတိုင်းရင်းသူ တစ်ဦးသည် မျက်စိကင်ဆာ ရောဂါကို တစ်နှစ်ကျော်အကြာ ခံစားနေရသည့် အတွက် ဆေးကုသရန် အခက်အခဲဖြစ်ပေါ်နေလျက်ရှိရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အပါအ၀င် စေတနာရှင်များမှ လှူဒါန်း ထောက်ပံ့နေလျက်ရှိပြီး ဆက်လက်၍လည်း အကူအညီပေးမည့် စေတနာရှင်များ၏ အကူအညီများကို လိုအပ်နေလျက်ရှိကြောင်း သိရသည်။


မျက်စိကင်ဆာရောဂါကို တစ်နှစ်ကျော်အကြာ ခံစားနေရသော အသက်(၃၄)နှစ်ရှိ ဒေါ်နန်းနွန်းသည် နေအိမ် အိပ်ရာထဲမှာပင် နေရပြီး မျက်လုံးနှစ်ဖက်စလုံး ဝေဒနာခံစားနေရသည့်အတွက် အမြင်စွမ်းအားမှာ ချို့ယွင်းခဲ့ပြီး ၎င်း၏ အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားမှာလည်း နားမကြားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

မျက်စိကင်ဆာရောဂါခံစားနေရသူ ဒေါ်နန်းနွန်းအတွက် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ အာဟာရအတွက် စားစရာအချို့ နှင့် အလှူငွေ ကျပ်(၁)သိန်းအား ယနေ့ ဧပြီလ(၂၇)ရက် နေ့လယ်ပိုင်းမှာပင် နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

( ချင်းမိုင်မှာ လာရောက်လှူ )

ယင်းအပြင် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားများမှ ဖွဲ့စည်းတည်ထောင်ထားသည့် စေတနာ နာရေးကူညီမှုအသင်း (ချင်းမိုင်)မှ အလှူငွေ ထိုင်းဘတ်(၃၀၀၀)ကိုလည်း နေအိမ်အရောက် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။


မျက်စိဝေဒနာအား ခံစားနေရသူ ဒေါ်နန်းနွန်းအား ငွေကြေးဖြင့်ဖြစ်စေ၊ စားသောက်ဖွယ်ရာများဖြင့် ဖြစ်စေ၊ ဆေးဝါးကုသပေးလို၍ဖြစ်စေ စေတနာရှင်များအနေဖြင့် အောက်ဖော်ပြပါ လိပ်စာများမှတဆင့် ဆက်သွယ်၍ ကူညီနိုင်မှာဖြစ်ပါသည်။

ဆက်သွယ်ကူညီနိုင်မည့် လိပ်စာများ
ဦးစိုင်းဆင်
ရပ်ကွက်အုပ်ချုပ်ရေးမှူး
မြန်မာဖုန်း။ ။ 09-5240568၊
ထိုင်းဖုန်း။ ။ 0908903116
ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ တာချီလိတ်မြို့။


ဦးအောင်ဖြိုးရှိန် (မြို့နယ်သတင်းထောက် )
မြန်မာဖုန်း။ ။ 094-3136431
ထိုင်းဖုန်း ။ ။ 0897558729
သူရိယ - သင်္ကန်းတိုက်၊ အကောက်ခွန်ရုံးဘေး(မျက်စောင်းထိုး)၊ ဗိုလ်ချုပ်လမ်း၊ ၀မ်ကောင်းရပ်၊ တာချီလိတ်မြို့။

ဆက်စပ်သတင်း

တာချီလိတ်မှ မျက်စိဝေဒနာရှင်အတွက် အကူအညီများ လိုအပ်နေ
http://www.tachileik.net/2015/04/eyeh.html


 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>