Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မှ မျက်စိဝေဒနာရှင်အတွက် အကူအညီများ လိုအပ်နေ

$
0
0
မျက်စိကင်ဆာဟု ယူဆရသည့် မျက်စိဝေဒနာကို ဆိုးရွားစွာ (၁)နှစ်ကျော် ခံစားနေရသော တာချီလိတ်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ဆေးကုသရန်အတွက် အကူအညီများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။


ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ အိမ်အမှတ် (၄/၁၄၃)တွင် နေထိုင်သူ အသက်(၃၄)နှစ်ရှိ ဒေါ်နန်းနွန်းသည် မျက်စိဝေဒနာကို ခံစားနေရပြီး ဆေးဝါးကုသရန်အတွက် အကူအညီ လိုအပ်နေကြောင်းကို လူမှုကွန်ယက် စာမျက်နှာဖြစ်သည့် Facebook ပေါ်တွင် ၎င်း၏ ခင်မင် ရင်းနှီးရသူများမှ ဖော်ပြထားချက်အရ တာချီလိတ်သတင်းအေဂျင်စီ အဖွဲ့သားများမှ ၎င်းအတွက် ကူညီပေးနိုင်သူများ ပေါ်ပေါက်ရေးအတွက် ဆန်ဆိုင်း (က)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင်မှ တဆင့် နယ်မြေမှူး ဦးစိုင်းရှဲန်ဖူး နှင့် ဆက်သွယ်ကာ ဧပြီလ(၂၅)ရက် ညနေပိုင်းက နေအိမ်အား သွားရောက် ရှာဖွေခဲ့ပြီး လိုအပ်ချက်များကို မေးမြန်းခဲ့ပါသည်။


“အခုလို မျက်လုံး ဝေဒနာ ဖြစ်ခါစက တာချီလိတ်ဆေးရုံမှာ သွားပြသေးတယ်၊ ပြီးတော့ မယ်ဆိုင်မှာလည်းပြတယ်၊ ကျိုင်းတုံမှာလည်းပြဖူးတယ်၊ ပိုက်ဆံမတတ်နိုင်တော့ ဆက်မပြ ဖြစ်တော့ဘူး..”ဟု ဝေဒနာခံစားနေရသူ၏ အမျိုးသား ဦးစိုင်းဆော့မှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

မျက်စိဝေဒနာအား ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့တွင် သွားရောက်ကုသရန် ငွေကြေးမတတ်နိုင်သဖြင့် ကုသနိုင်ခဲ့ခြင်း မရှိကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် ဆေးကုသမှု ခံယူထားခြင်း မရှိကြောင်း၊ မိသားစုမှာ ကလေး(၂)ဦးနှင့် ပေါင်း(၄)ဦးသာရှိကြောင်း ၎င်းမှပြောသည်။


 “ဝေဒနာရှင် အမျိုးသားက နားကသိပ်မကြားဘူး၊ သူက ဆေးဖရောင်းတိုင်တွေဘာတွေ လိုက်ထွန်းပြီး မိသားစုကို ရှာကျွေးနေတာ၊ အမျိုးသမီးက ငယ်ငယ်လေးဘဲရှိသေးတယ်၊ ပြုစုကုသမယ့်သူမရှိလို့ မျက်လုံးအခြေအနေက ပိုဆိုးလာတာ၊ မျက်လုံးမှာလည်း သွေးရည်တွေ စိမ့်လာတယ်။”ဟု အိမ်နီးနားချင်း တစ်ဦးမှပြောသည်။


ဝေဒနာရှင်သည် ဆေးကုသမှုခံယူရန် ငွေကြေးမတတ်နိုင်၍ နေအိမ်တွင်သာ နေရကြောင်း၊ အစားအသောက် အနေဖြင့် မည်သည့် အစားအစာကိုမှ မစားသောက်နိုင်ဘဲ ဆန်ပြုတ်ထုပ်သာ စားသောက်ရကြောင်း၊  ရောဂါဖြစ်ကာစ အချိန်တွင် ချင်းရိုင်းမြို့သို့ သွားရောက်ဆေးကုသရန် ဆေးရုံများမှ ညွှန်ကြားခဲ့သော်လည်း ငွေကြေးမတတ်နိုင်သဖြင့် ကုသနိုင်ခြင်း မရှိကြောင်း၊ မျက်လုံးအား ခွဲစိတ်လျှင် အမြင်အာရုံ ပြန်လည်မြင်နိုင်ခြင်း မရှိသော်လည်း ဝေဒနာခံစားမှု သက်သာနိုင်ဖွယ်ရှိကြောင်းကို ဆေးရုံများမှ ပြောခဲ့ကြောင်း နှင့် ယခုအခါ အနာအား ဆေးကုသခြင်းနှင့် သက်သာရန် ဆေးတိုက်ကျွေးခြင်း မရှိကြောင်း ၎င်းထံမှ သိရသည်။

ယခုလို ပြင်းထန်သော မျက်စိဝေဒနာ စတင်ဖြစ်ပွားလာမှုကို တိတိကျကျအနေဖြင့် ကာယကံရှင်များမှ မဖြေကြားနိုင်သော်လည်း ယခုလိုခံစားနေရမှုကြောင့် ကျန်းမာရေး နှင့် စားဝတ်နေရေးအတွက်လည်း အခက်အခဲဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မျက်စိဝေဒနာအား ခံစားနေရသူ ဒေါ်နန်းနွန်းအား ငွေကြေးဖြင့်ဖြစ်စေ၊ စားသောက်ဖွယ်ရာများဖြင့် ဖြစ်စေ၊ ဆေးဝါးကုသပေးလို၍ဖြစ်စေ စေတနာရှင်များအနေဖြင့် အောက်ဖော်ပြပါ လိပ်စာများမှတဆင့် ဆက်သွယ်၍ ကူညီနိုင်မှာဖြစ်ပါသည်။

ဆက်သွယ်ကူညီနိုင်မည့် လိပ်စာများ
ဦးစိုင်းဆင်
ရပ်ကွက်အုပ်ချုပ်ရေးမှူး
မြန်မာဖုန်း။   ။ 09-5240568၊
ထိုင်းဖုန်း။   ။ 0908903116
ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ တာချီလိတ်မြို့။


သူရိယ - သင်္ကန်းတိုက်
ဦးအောင်ဖြိုးရှိန် (မြို့နယ်သတင်းထောက် )
မြန်မာဖုန်း။  ။ 094-3136431
ထိုင်းဖုန်း ။  ။ 0897558729
အကောက်ခွန်ရုံးဘေး(မျက်စောင်းထိုး)၊ ဗိုလ်ချုပ်လမ်း၊ ၀မ်ကောင်းရပ်၊ တာချီလိတ်မြို့။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>