Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာကလေးများနေ့အား တာချီလိတ်မြို့ပေါ်ရှိ မူကြိုကျောင်းများမှ ကလေးသူငယ်များ ပျော်ပွဲရွှင်ပွဲဖြင့် ကြိုဆို

$
0
0
ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်နေ့ကို အကြိုလှုပ်ရှားမှု အနေဖြင့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှ ဦးစီး၍  ယနေ့ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် စိန်ဂျုဒ်ကက်သလိစ် ဘုရားရှိခိုးကျောင်း၌ တာချီလိတ်မြို့တွင်းရှိ အသိမှတ်ပြု မူကြိုကျောင်း (၂၃)ကျောင်း မှ ကလေးသူငယ် (၁၁၀) ဦး နှင့် ပြိုင်ပွဲမျိုးစုံကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။


ပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ ၊ အာလူးကောက် ၊ ကဗျာရွတ်ပြိုင်ပွဲ ၊ ယိမ်းအကပြိုင်ပွဲ ၊ အဖွဲ့လိုက် ကျောင်းသီချင်း သီဆိုပြိုင်ပွဲ ၊ ဗိုလ်ချုပ်အောင်ဆန်း ကဗျာရွတ်ပြိုင်ပွဲ နှင့် ပန်းချီရေးဆွဲ ပြိုင်ခြင်းစသည့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ တာချီလိတ်မူကြို ၊ ကျိုင်းတုံလူမှုဝန်ထမ်းဦးစီးဌာန ၊ စိန်မူကြိုတို့မှ ကြီးကြပ်ဒိုင်များ အဖြစ် ဆောင်ရွက်ခဲ့ကြသည်။



"အရင်နှစ်တွေကဆို ကိုယ့်ကျောင်းမှာပဲ ပြိုင်ပွဲလေးတွေ ကျင်းပဖြစ်တယ်၊ အခုလို တစ်ခြားကျောင်းတွေနဲ့ ယှဉ်ပြိုင်ပွဲလေး ကျင်းပပေးတော့ တော်တော်လေးကောင်းပါတယ် ၊ ကလေးတွေလည်း အရည်အချင်းတွေ တိုးတက်လာတာပေါ့ ၊ နောက်ပြီး ကိုယ့်ကျောင်းမှာ လုပ်တုန်းက ကလေးတွေက ကိုယ့်လူနဲ့ ကိုယ့်ဆရာမ ဆိုတော့ မကြောက်ကြဘူး ၊ အခု သူစိမ်းတွေ ရှေ့မှာဆိုတော့ နည်းနည်းတော့ ကြောက်စိတ်ရှိတာပေါ့ ၊ ဘယ်လိုပဲဖြစ်ဖြစ် စင်ပေါ်ကို ရအောင်တင်ပေးလိုက်တယ် ဒါမှ ကလေးတွေရဲ့ စိတ်တွေက ရဲရင့်လာမှာပါ "ဟု တာလော့မူကြိုကျောင်း တာဝန်ခံ ဆရာမ ဒေါ်လောယိုက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။



ပြိုင်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အမျိုးသမီးရေးရာ နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များတို့မှ တက်ရောက်ခဲ့ပြီး ကလေးသူငယ်များအား ကြည့်ရှုအားပေးခဲ့ကြသည်။



ပြိုင်ပွဲ၌ ကလေးများ ကို Mother World ကလေးနှင့်အအေးဆိုင်မှ အအေးများ ၊ ပြည်ခိုင်ဖြိုးပါတီမှ ပေါင်မုန့် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း က ဘတ် တစ်ထောင်လှူဒါန်းခဲ့သည်။



တာချီလိတ်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီ အချိန်၌ အောင်မြတ်ခန်းမတွင် ဆက်လက်၍ ဆုပေးပွဲနှင့်အတူ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း။  ။ ဇောင်းညီ
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>