Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်ခရိုင်၌ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာ ဖတ်ကြား

$
0
0
ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်သည်ဖြစ်သော (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ကြားခြင်း နှင့် အလေးပြုခြင်း အခမ်းအနားကို ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်ရှိ ဘုရင့်နောင်ရုပ်တု ရင်ပြင်မှာ နံနက်(၇)နာရီအချိန်က ကျင်းပပြုလုပ်သည်။





အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ အလေးပြုခြင်း အစီအစဉ်ကို စတင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အထောက်အကူပြု အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသား ပြည်သူများ အစုံအလင်တို့မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုခဲ့ကြသည်။








ဆက်လက်၍ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် ထံမှ ပေးပို့သည့် သ၀ဏ်လွှာအား ဖတ်ကြားပြီးနောက် အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်ခရိုင်၌ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာ ဖတ်ကြား
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>