Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူရာ အလှူရှင်များမှာ ထင်မှတ်ထားသည်ထက် များပြား

$
0
0
ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် ပွဲတော်အား တာချီလိတ်၌ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့ထိ ကျင်းပပြုလုပ်လျက်ရှိရာ ရာပြည့်ပွဲတော် အထိမ်းအမှတ် အနေဖြင့် စေတနာရှင်များ စုပေါင်းပါဝင်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရှမ်းရိုးမကွင်း အတွင်း၌ပင် ယနေ့ ဖေဖော်ဝါရီလ (၁၂)ရက် ညနေ(၄း၃၀)နာရီက စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။




"နဂိုကတော့ ကျွန်တော်တို့ သတ်မှတ်ထားတာက သံဃာအပါး(၁၀၀)တိတိပါ၊ အခုကတော့ သံဃာအပါး (၁၅၀)ကျော်သွားခဲ့ပြီး ဆွမ်းဆန်စိမ်းလာရောက် လောင်းလှူကြတဲ့ အလှူရှင်တွေလည်း ထင်ထားတာထက် ပိုပြီး များပြားခဲ့သလို ဆွမ်းလောင်းပွဲကို စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်"ဟု ပွဲတော်ကျင်းပရေးကော်မတီ နာယကမှ ပြောသည်။






ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြတ်စွာဘုရားအား ရည်စူး၍ စုပေါင်း ပါဝင်လှူဒါန်းကြသော အလှူငွေများ ဖြစ်သည့် ထိုင်းဘတ်ငွေ (၂၂၀၉၀)ဘတ် နှင့် မြန်မာကျပ်ငွေ (၄၀၇၀၀)ကျပ်တို့ကို ပွဲတော်ကျင်းပရေး ကော်မတီ နာယကများနှင့် အဖွဲ့ဝင်များမှ ၂၀၁၅ခုနှစ် မတ်လ(၄)ရက် တပေါင်းလပြည့်နေ့ အလင်းရောင် ပရဟိတအသင်း၏ (၇၃)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲတွင် လှူဒါန်းနိုင်ရန်အတွက် အလင်းရောင်ပရဟိတအသင်း သို့ တဆက်တည်း လှူဒါန်းလိုက်ကြသည်။






( အလင်းရောင် ပရဟိတအသင်းသို့ အလှူငွေများအား ပြန်လည်လှူဒါန်းစဉ် )

ရာပြည့်ပွဲတော် အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ် လောင်းလှူသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ဒေသခံစေတနာရှင်များ အပါအ၀င် ပွဲတော်ကျင်းပရေး ကော်မတီဝင်များ စသည်တို့မှ စုပေါင်းပါဝင်လောင်းလှူခဲ့ကြသည်။

ပုံများကိုကြည့်ရန်
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်းလောင်းလှ
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်း........
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>