Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ကျင်းပသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် ဖွင့်ပွဲ စည်ကားသိုက်မြိုက်

$
0
0
ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပွဲတော်၏ ဖွင့်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက် ညနေ(၅း၃၅)နာရီ အချိန်က ပွဲတော်ကျင်းပပြုလုပ်ရာ နေရာဖြစ်သည့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။




ပွဲတော်ဖွင့်ပွဲတွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၏ ရွှေမဟာ ဘင်ခရာအဖွဲ့ဖြင့် အလေးပြုခြင်း နှင့် ဖဲကြိုးဖြတ်ခြင်းတို့ကို သံပြိုင် တီးမှုတ်၍ ဖွင့်လှစ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ အာခါတိုင်းရင်းသား ခေါင်းဆောင် ဦးအာဇီး နှင့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီဝင်  ဦးထွန်းနေဦး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။




ဆက်လက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ရာပြည့်ပွဲတော်ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ဂုဏ်ပြုဝမ်းမြောက် အမှာစကားပြောကြားပြီးနောက် တာချီလိတ်မြို့တွင်းရှိ ထက်/လယ်/မူကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ အကပဒေသာများ၊ သံချပ် နှင့် ပြဇာတ်များအပြင် ဒေသခံ တိုင်းရင်းသားများမှ ရိုးရာယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေ တင်ဆက်သွားကြရာတွင် နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးမှလည်း သီဆိုဖျော်ဖြေခဲ့သည်။



"ပွဲက မထင်မှတ်စရာဘဲ၊ ကျောင်းသားတွေရော၊ မိဘတွေရော တော်တော်များလိုက်တာ၊ ဒီလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ ပွဲမျိုး တစ်ခါမှ မကြုံဖူးဘူး၊ တွေ့ရမြင်ရတာ ပီတိဖြစ်လို့ မျက်ရည်တောင် ၀ဲမိတယ်.."ဟု အ.ထ.က(တာချီလိတ်)မှ ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ချိုသဇင် က ပြောသည်။



ပွဲတော်အား ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၂)ရက်နေ့  ညနေ (၄)နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အထိမ်းအမှတ် အဖြစ် သံဃာအပါး (၁၀၀)တိတိအား စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူကြမှာ ဖြစ်ပြီး ညပိုင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အကပဒေသာများဖြင့် ကပြဖျော်ဖြေ တင်ဆက်သွားမှာဖြစ်ကြောင်း နှင့် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ညနေ(၆)နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် ပွဲနေ့ အခမ်းအနားကို အထူးအစီအစဉ်များဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် ဖွင့်ပွဲ စည်းကားသိုက်မြိုက်
ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် ဖွင့်ပွဲ စည်းကားသိုက်မြိုက် .
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>