Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ကြက်တောင်ရိုက်ပွဲမှ ဆုရသူများအား ညစာ စားပွဲနှင့်အတူ ဆုပေးပွဲ ပူးတွဲကျင်းပပေး

$
0
0
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့၌ ကြက်တောင်ပြိုင်ပွဲကို တာချီလိတ်ခရိုင် အားကစားခန်းမတွင် ဖေဖော်ဝါရီလ (၇)ရက်မှ ဖေဖော်ဝါရီလ (၁၀) ရက်နေ့အထိ ကျင်းပခဲ့ပြီး ဆုရရှိသူများအား ဖေဖော်ဝါရီလ (၁၁)ရက် ညပိုင်းတွင် Relax စားသောက်ဆိုင်၌ ညစာစားပွဲနှင့်အတူ ဆုပေးပွဲအား ပူးတွဲကျင်းပခဲ့သည်။



ယင်းပြိုင်ပွဲကို တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် တာချီလိတ်မြို့နယ် ကြက်တောင်ဆပ်ကော်မတီ စပွန်ဆာ ဖြစ်သော ဘီသုံးလုံး(BBB)ဆေးဆိုင်မှ ဦးတော်ဖီ မိသားစုတို့မှ ကျင်းပပေးခြင်း ဖြစ်ကြောင်း သိရသည်။


ညစာ စားပွဲနှင့် ဆုပေးပွဲ အခမ်းအနားတွင် ကြက်တောင်ဆပ်ကော်မတီ ဥက္ကဌ ဦးစိုင်းကျောက်က ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဘီသုံးလုံး(BBB)ဆေးဆိုင်မှ ဦးတော်ဖီ ကိုယ်စား သားဖြစ်သူ ကိုမြင့်လွင်ဦးက ကျေးဇူးတင်စကားပြောကြားသည်။



ထို့နောက် အတန်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီး ရရှိသူများကို ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမြင့်ဦး ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း ၊ ဦးဌေးအောင်(နယက) ၊ ဦးသာချို (နယက) ၊ ဦးမြင့်နွယ် (ဒုဥက္ကဌ) ၊  စပွန်ဆာ ဦးတော်ဖီ ကိုယ်စား ကိုမြင့်လွင်ဦး တို့က   ဆုချီးမြှင့်ခဲ့ကြသည်။


ပြိုင်ပွဲအတွင်း အတန်းလိုက် အနေဖြင့် အမျိုးသားတစ်ဦးချင်း (အလွတ်တန်း)၊ အမျိုးသားနှစ်ယောက်တွဲ (A)အဆင့်၊ အမျိုးသားနှစ်ယောက်တွဲ (B)အဆင့်၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ၊ အသက်(၅၀) အထက် အမျိုးသားနှစ်ယောက်တွဲ နှင့် စပွန်ဆာ ပြိုင်ပွဲ စသည့် အတန်းလိုက် သတ်မှတ်၍ ယှဉ်ပြိုင်စေခဲ့ရာ ပြိုင်ပွဲတွင် အဓိကအားဖြင့် ကျိုင်းတုံ နှင့် တာချီလိတ်မှ ကစားသမားများ ပါဝင်ကြောင်း သိရသည်။


ယခုလို ပြိုင်ပွဲအား ရာသီမရွေး ကျင်းပပြုလုပ်နိုင်ပါက တာချီလိတ်အတွင်းရှိ ကြက်တောင် အားကစား သမားများထဲတွင် ထူးချွန် အားကစားသမားများ များစွာပေါ်ထွက်လာနိုင်မှာဖြစ်ပြီး ကူညီပံ့ပိုးသူ များများရှိပါက ပြိုင်ပွဲများကို ပြုလုပ်နိုင်မှာဖြစ်ကြောင်း ကြက်တောင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးစိုင်းဇော်မိုး၏ ပြောပြချက်အရ သိရသည်။

ပုံများကိုကြည့်ရန်
ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ကြက်တောင်ရိုက်ပွဲမှ...
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>