Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျေးလက်ထုတ်ကုန်များနှင့် ပတ်သက်၍ နည်းပညာပေးခြင်းနှင့် သဘာဝမြေသြဇာထုတ်လုပ်မှု သင်တန်း တာချီလိတ်ခရိုင်တွင်ဖွင့်

$
0
0
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မှ ကျေးလက်ထုတ်ကုန်များနှင့် ပတ်သက်၍ နည်းပညာပေးခြင်းနှင့်
သဘာဝမြေသြဇာ ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲကို  ဖေဖော်ဝါရီ (၁၁)ရက်၊ နံနက်(၁၀)နာရီအချိန်က
ဖန်မင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပကြောင်း သိရသည်။



ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်း က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ ဦးစီးဌာန၏ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လမ်းတံတားလုပ်ငန်း၊ ကျေးလက်အိမ်ရာလုပ်ငန်း၊ ကျေးလက်မီးလင်းရေး နှင့် မြစိမ်းကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ နှင့် စပ်လျဉ်းပြီး အဖွင့်အမှာ စကားပြောကြားသည်။



ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်း က ဦးစီးဌာနမှ ဌာနခွဲများ အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ သဘာဝမြေသြဇာ သုံးစွဲမှုကြောင့် ရရှိစေမည့် အကျိုးကျေးဇူးများ၊ စပါးမျိုးကောင်း မျိုးသန့်ဖြင့် စိုက်ပျိုးပြီး ဒေသ၀မ်းစာအပြင် ပိုလျှံမှုအား ထုတ်လုပ်ရောင်းချခြင်းဖြင့် ၀င်ငွေတိုးရရှိရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုး က စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာ အန္တရာယ် ဘေးကင်းလုံခြုံရေး နှင့် နည်းပညာ ဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းသိမ်းက ကျေးရွာထွက်ကုန်များအား ကုန်ကြမ်းအဖြစ်မှ တန်ဖိုးမြှင့် ကုန်စည်အဖြစ် ထုတ်လုပ်ခြင်း၊ ကျေးရွာတစ်ရွာထွက်ကုန်တစ်မျိုးကြိုးစားဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိကာ ၀င်ငွေတိုးပွားစေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများ ကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။



အဆိုပါသင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင် ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ကျော်စိုး နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးစိုးမင်းဦးကျော် တို့က နည်းပညာများအား လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ်များမှ သင်တန်းသား၊သင်တန်းသူ (၅၀)ဦးဖြင့် ဖေဖော်ဝါရီလ (၁၁)ရက်မှ(၁၄)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း ။  ။ ဝေယံလင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>