Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၂၀၀ ပါဝင် တက်ရောက်သည့် လေ့ကျင့်ရေး မွမ်းမံ သင်တန်း တာချီလိတ်၌ ပို့ချ

$
0
0
တာချီလိတ်မြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်များ၊ မီးဘေးအန္တရာယ်များနှင့် ပတ်သက်၍ ရပ်ကွက် ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၂၀၀)ဦးတိတိ ပါဝင်တက်ရောက်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာလ (၂၉)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့နယ်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။



သင်တန်းဖွင့်ပွဲတွင် "ဒီ သင်တန်းကို ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကတော့ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအား မီးလောင်မှု၊ မီးလန့်မှုများ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော် အရန်အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်း တည်ဆောက်ရန် အတွက် သင်ကြားပေးရခြင်းဖြစ်တယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်မိန့်ခွန်း ပြောကြားသည်။


ဆက်လက်ပြီး "မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့ရတဲ့ သဘာဝဘေးအန္တရာယ် အမျိုးမျိုးအနက် မီးဘေးအန္တရာယ်ဟာ အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးမှာ နှစ်စဉ် မီးလောင်မှုများကို သုံးသပ်လေ့လာ ကြည့်မယ်ဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့ မဆင်မခြင် ဂရုပြုမှု မရှိခြင်းကြောင့် လောင်ကျွမ်းခဲ့တဲ့ ပေါ့ဆခြင်းကြောင့် မီးလောင်မှုအကြိမ်ဟာ (၈၀%)ကျော် ပါဝင်နေတာကို တွေ့ရှိရတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာ စိမ့်ဝင်ပျံ့နှံ့နေအောင် ဆောင်ရွက်ဖို့ လိုနေသေးတာကို တွေ့ရှိရမှာဖြစ်ပါတယ်.."ဟု ထပ်မံပြောကြားသည်။


"အခုဆိုရင် နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဒေသ အသီးသီးမှာ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား (၂၆၁၄၅၇)ဦးဟာ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်တွေကို ပရဟိတ စိတ်ဓါတ်အပြည့်နဲ့ပါဝင် ဆောက်ရွက်နေကြတာကို တွေ့ရှိရတယ်၊ ထို့အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ အရန်မီးသတ် တပ်ဖွဲ့ဝင်များဟာ ပြည်သူလူထု၊ လူမှုအသိုက်အ၀န်းများနဲ့ ပူးပေါင်းပြီး အဓိက အကောင်အထည် ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်.."ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ဖွင့်ပွဲမိန့်ခွန်းပြောကြားကာ ဖွင့်ပွဲ အခမ်းအနားကို ပြီးမြောက်စေခဲ့သည်။



အဆိုပါ သင်တန်းတွင် တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၁၀)ဦး၊ ကျေးရွာအုပ်စုများမှ (၈၀)ဦး နှင့် မြို့နယ်မှ (၁၀)ဦး စုစုပေါင်း အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀၀)ဦးတိတိ သင်တန်းတက်ရောက်ပြီး သင်တန်းကာလကို ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂၃)ရက်နေ့ထိ သတ်မှတ်ထားရှိပြီး ယခု အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အထောက် အကူပြု အဖွဲ့စည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြတာကို တွေ့ရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၂၀၀ ပါဝင် တက်ရောက်သည့် လေ့ကျင့်ရေး...
25 photos

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>