Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ရှိ ၀န်ထမ်းအိမ်ရာတစ်ခု၌ ဂတ်(စ်)မီးဖိုမှ တဆင့် မီးလောင်မှုဖြစ်ပွား

$
0
0
တာချီလိတ်မြို့နယ်တွင် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ အတွင်း သုံးကြိမ်တိတိ မီးလောင်မှုအဖြစ် ယနေ့ ဒီဇင်ဘာလ (၂၉)ရက်နေ့ နံနက်(၁၀း၄၀)နာရီအချိန်ခန့်က ရန်အောင်မြေရပ်ကွက်ရှိ ပါလျှံဝန်ထမ်း အိမ်ရာတွင် ဂတ်(စ်)မီးဖိုဖြင့် ထမင်းချက်ပြုတ်ရာမှတဆင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။


မီးလောင်မှုဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ "ဂတ်(စ်)မီးဖိုနဲ့ တစ်ခုခုတည်ခဲ့တာဖြစ်လိမ့်မယ်၊ ကလေးက ကျန်းမာရေးအရ တက်သွားလို့ ချက်ချင်းဘဲ ကလေးကို ဆေးခန်းသွားပို့တော့၊ ဂတ်စ်အိုးကို ပိတ်ဖို့ မေ့ခဲ့တဲ့ သဘောပါ၊၊ မေ့နေတော့ အဲ့ဒီမှာတင် ကြာတော့ ထပြီး လောင်တဲ့ သဘောဖြစ်ပါတယ်၊ ပတ်ဝန်းကျင် တွေကလည်း အချိန်မီ သိလိုက်ပြီး ၀င်ငြှိမ်းလိုက်ကြတဲ့အတွက် မီးလောင်မှု ဒီလောက်နဲ့ ပြီးသွားပါတယ်၊ ကြာကြာသာ မသိဘဲနဲ့ဆိုရင် ဒီဂတ်(စ်)အိုး ပေါက်ကွဲပြီးတော့ မီးလောင်မှု ပိုကြီးသွားနိုင်ပါတယ်၊ ဂတ်(စ်)အိုး သုံးမဲ့လူတွေ သတိထားရမဲ့ အချက်လေးပါ.."ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်က ပြောသည်။


မီးလောင်မှုဖြစ်ပွားသည့် နေရာသည် တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက်၊ ပါလျှံဝန်ထမ်းအိမ်ယာ တိုက်တန်း(၁၇)၊ အခန်းအမှတ်(ဇ)၊ တိုက်တန်း(၂)ထပ် အပေါ်ခန်းနေ ဒေါ်ချိုနွေဦး၏ တိုက်ခန်းဖြစ်ပြီး ၎င်းသည် ဂတ်(စ်)မီးဖိုဖြင့် ထမင်းဟင်း ချက်ပြုတ်နေရာမှ ကလေးမှာ ကျန်းမာရေးအရ တက်သွားသည့် အတွက် ဆေးဝါးကုသရန် သွားရောက်ပို့ဆောင်နေစဉ်မှာ နောက်ပိုင်းမှာ  ဂတ်(စ်)မီးဖိုမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။


"ကျွန်မတို့ အခန်းနဲ့ တစ်လိုင်းကျော်ဆိုတော့ တော်တော်လန့်သွားတာဘဲ၊ ကံကောင်းတာက ဂတ်စ်အိုး မပေါက်ကွဲလို့ ဂတ်စ်အိုးသာ ပေါက်ကွဲလို့ကတော့ မတွေးဝံ့စရာဘဲ.."ဟု အဆိုပါဝန်ထမ်းအိမ်ရာနေ ကျောင်းဆရာမ တစ်ဦးကလည်း အထိတ်တလန့်ဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


ယခုလို မီးလောင်မှု ဖြစ်ပွားရာနေရာသို့ တာချီလိတ်မြို့နယ်မီးသတ် တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ပါဝင်သည့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြိမ်းသတ်ယာဉ် ကား(၃)စီးတို့ဖြင့် ရေဂါလံ(၂၀၀)ခန့် အသုံးပြုကာ ဘေးပတ်ဝန်းကျင် ပြည်သူများဖြင့် ငြိမ်းသတ်ခဲ့ကြပြီးနောက် မီးလောင်မှုနှင့် ပတ်သက်၍ ဒေါ်ချိုနွေဦးအား တာချီလိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ မီးလောင်မှုဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

ယခုလို မီးလောင်မှုကြောင့် ဂတ်(စ်)မီးဖိုနှင့် မီးဖိုချောင်သုံး ပစ္စည်း အနည်းအငယ် မီးလောင်သွားခဲ့ပြီး မီးလောင်မှုကို အနီးပတ်ဝန်းကျင်ရှိ တာဝန်သိ ပြည်သူများနှင့် သက်ဆိုင်ရာတို့မှ အမြန်ငြိမ်းသတ် လိုက်နိုင်သည့်အတွက် ဆုံးရှုံးမှု အနည်းအငယ်သာရှိကြောင်းလည်း သိရသည်။

၂၀၁၄ခုနှစ်၏ ဒီဇင်ဘာလ အတွင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၀)ရက်ကလည်း တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက် အတွင်း၌ တစ်ကြိမ်၊ တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ) ရပ်ကွက်၌  ဒီဇင်ဘာလ (၂၃)ရက်နေ့ တစ်ကြိမ်နှင့် ယခု ရန်အောင်မြေရပ်ကွက် ၀န်ထမ်းအိမ်ရာတွင် တစ်ကြိမ် စုစုပေါင်း တစ်လအတွင်း (၃)ကြိမ်တိတိ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

သတင်း ။  ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့၌ ဂတ်(စ်)မီးဖိုမှ တဆင့် မီးလောင်မှုဖြစ်ပွား
12 photos

 Tachileik Online News ( www.tachileik.net  ) 



~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>