Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြို့ရှောင်လမ်း ဖောက်လုပ်ရေးအတွက် အခြေအနေကို ပြည်နယ် ၀န်ကြီးချုပ်အား ရှင်းလင်းတင်ပြ

$
0
0
တာချီလိတ်မြို့နယ်တွင် အကျယ် ပေ(၁၅၀)သို့မဟုတ်  ပေ(၁၀၀)ရှိမည့် မြို့ရှောင်လမ်းဖောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ကတည်းက စတင် အကောင်အထည် ဖော်နေလျက်ရှိရာမှ ယခုအခါမှာ အဆိုပါ လမ်းဖောက်လုပ်မှုတွင် အိမ်ခြေများ တက်နိုင်သမျှ ပါဝင်မှု နည်းပါးစေရန်အတွက် ခရိုင်/မြို့နယ် ပူးပေါင်း အဖွဲ့တို့ဖြင့် တိုင်းထွာခဲ့ကြပြီး ထွက်ပေါ်လာသည့် အချက်အလက်များကို  ပြည်နယ်ဝန်ကြီးချုပ်အား ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၂၈)ရက် နေ့လယ်(၂)နာရီအချိန်က တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်၊ စက်မှုဇုံအနီး၊ ဓနလင်းတိုးဂိတ်အကွာ မြို့ရှောင်လမ်း အဆုံးနေရာတွင် သက်ဆိုင်ရာအဖွဲ့မှ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်အား တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာတွင် မြို့ရှောင်လမ်းအား ဖောက်လုပ်မည် ဆိုပါက အမှတ်(၁) ထိုင်း-မြန်မာ ချစ်ကြည်ရေတံတားမှစ၍ ရန်အောင်မြေရပ်ကွက်မှ ဆေခမ်းရပ်ကွက်အထိ (၄)မိုင်တိတိ ဖြတ်သန်းဖောက်လုပ်ရမှာဖြစ်ပြီး မြို့ရှောင်လမ်းအား အကျယ်ပေ(၁၅၀)ဖြင့် ဖောက်လုပ်မည်ဆိုပါက လူနေအိမ် (၂၉)လုံး နှင့် အိမ်ရာမြေကွက် (၃၈)ကွက် ပါဝင်သွားမှာ ဖြစ်ပြီး အကျယ်ပေ(၁၀၀)ဖြင့်သာ ဖောက်လုပ်မည်ဆိုပါက လူနေအိမ်(၂၂)လုံး နှင့် အိမ်ရာမြေကွက် (၃၈)ကွက် ပါဝင်မှာဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ အဆိုပါ အနေအထားသည် အမှတ်(၂)တံတားမှ စ၍ တစ်မိုင်အတွင်းမှာ ပါဝင်မည့် အရေအတွက်များဖြစ်ပြီး တစ်မိုင်ထက် ကျော်လွန်ပြီး (၃)မိုင်အတွင်းတွင်  လယ်၊ ယာ၊ ဥယျာဉ်၊ မြေရိုင်း နှင့် အဆောက်အဦမြေ စုစုပေါင်း ဧက (၂၉.၁၃)ဧက ပါဝင်မှာဖြစ်ပြီး ပိုင်ရှင်ပေါင်းမှာ (၁၃၂)ဦးရှိကြောင်း ရှင်းလင်းတင်ပြသည်။


တဆက်တည်းမှာပင် ဧက(၂၇၈)ဧကခန့်ရှိပြီး (၁၀၀)ပေပတ်လည် အကွက်ပေါင်း (၃၇၀)ကျော်၊ (၈၀x၆၀)ပေ အကွက်ပေါင်း(၃၅၀)ခန့်နှင့် (၆၀x၄၀)ပေ အကွက်ပေါင်း (၁၀၀၀)ကျော်ခန့် စုစုပေါင်း အကွက်ပေါင်း (၁၇၀၀)ကျော် ပါဝင်မည့် တာချီလိတ်မြို့စက်မှုရပ်ကွက်အတွင်း အိမ်ရာမြေကွက်များ ဖော်ထုတ်မည့် မြေပုံကြမ်း အခြေအနေများကိုလည်း ပြည်နယ်ဝန်ကြီးအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ရှင်းလင်းတင်ပြသည်။


ပြည်နယ်ဝန်ကြီးချုပ်မှ မြို့ရှောင်လမ်းကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းခွင်စောင့်ကြည့်ရေးအတွက် ကော်မတီဖွဲ့ရေးနှင့် လမ်းနှင့် ဆက်စပ်ပြီး အသုံးပြုနိုင်မည့် အဝေးပြေးယာဉ်ရပ်နားစခန်းအတွက်လည်း နေရာတစ်ခုရွေး၍ ဆောင်ရွက်စေရန် စသည်တို့ဖြင့် လမ်းနှင့်ပတ်သက်၍ မှာကြားသွားသည်။ 




မြို့ရှောင်လမ်းဖောက်လုပ်မှုနှင့် စပ်လျဉ်း၍ လမ်းအူကြောင်းဖော်ထုတ်ရန်အတွက် လွန်ခဲ့သော ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ကစပြီး လမ်းအူကြောင်း သတ်မှတ် သင်္ကေတအဖြစ် အလံနီတိုင်များ စိုက်ထူထားပြီး တိုင်းတာ စစ်ဆေးမှုများအရ လမ်းနှင့်မလွတ်ကင်းသည့် အိမ်ခြေတော်တော်များများ ပါဝင်နေသည့်အတွက် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ အိမ်ခြေများ ထိခိုက်ပါဝင်မှု နည်းပါးစေရန် အတွက် ကွင်းဆင်းဆောင်ရွက်မှုများအရ ယခင်တိုင်းတာ စစ်ဆေးမှုများထက် အိမ်ခြေပါဝင်မှု လျော့နည်းခဲ့ကြောင်း သိရသည်။

သတင်း ။  ။ ကိုဇောင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>