Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံတွင် အကြိမ်(၄၀)မြောက်အဖြစ် အာခါ တိုင်းရင်းသားများ၏ စုပေါင်း နှစ်သစ်ကူးပွဲတော် ကျင်းပ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ အကြိမ်(၄၀)မြောက်ဖြစ်သည့် အာခါတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူး ပွဲတော်ကို ယနေ့ ဒီဇင်ဘာ(၂၈)ရက် နံနက်(၉)နာရီခွဲက ကျိုင်းတုံမြို့ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ပြည်နယ် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကျိုင်းတုံမြို့ အာခါတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ အာခါတိုင်းရင်းသားများ နှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်၍ ဆင်နွှဲခဲ့ကြသည်။


ပွဲတော်အား ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ အာခါတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးပီတာသောင်းစိန်နှင့် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ယင်းနောက် ရှမ်းပြည်နယ် ၀န်ကြီးချုပ်က နှစ်သစ်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၏ သ၀ဏ်လွှာကို အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန်က ဖတ်ကြားသည်။


ဆက်လက်ပြီး အာခါတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီးနောက် နှစ်သစ်ကူးပွဲတော် အလှူငွေနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အလှူငွေ ကျပ်(၃၀)သိန်းကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်က အလှူငွေကျပ်(၂)သိန်းကို ဒုတိယတိုင်းမှူးက လည်းကောင်း၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် မိသားစုက အလှူငွေ ကျပ်(၁၀)သိန်း၊ မိုင်းဇင်း ကျေးရွာ အုပ်စု၊ယန်းလု လမ်းခွဲကျေးရွာမှ ဦးအားဂျူ မိသားစုက ငွေကျပ် (၅)သိန်းတို့ ပေးအပ်လှူဒါန်းရာ အာခါတိုင်းရင်းသားယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများက ၀မ်းမြောက်စွာ လက်ခံရယူသည်။


ယင်းနောက် ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့အား အလှူငွေကျပ် (၅)သိန်းစီ၊ ရှမ်း၊အာခါ/လားဟူ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ငွေကျပ် (၁၀)သိန်းစီ ပေးအပ်လှူဒါန်းသည်။


ထို့နောက် အာခါတိုင်းရင်းသား လူငယ်မောင်မယ်များက နှစ်သစ်ကူးတေးသံသာ၊ ရိုးရာအကများဖြင့် ဖျော်ဖြေပြီး နှစ်သစ်ကူးမိတ်ဆုံ စားပွဲဖြင့်တည်ခင်း ဧည့်ခံခဲ့ကြောင်းသိရှိရသည်။


အာခါတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်များကို ယခင်က ကျေးရွာအလိုက် ကျင်းပခဲ့ကြသော်လည်း ၁၉၇၅ခုနှစ် နောက်ပိုင်းတွင် အာခါတိုင်းရင်းသား ယဉ်ကျေးမှုကော်မတီက ကြီးမှူးပြီး စုပေါင်း နှစ်သစ်ကူးပွဲတော်အဖြစ် ၁၉၇၅ခုနှစ်နောက်ပိုင်းက စပြီး ကျင်းပခဲ့သည်မှာ နှစ်ပေါင်း (၄၀)ရှိပြီဖြစ်ပြီး တိုင်းရင်းသား လူမျိုးများအနက် အာခါတိုင်းရင်းသား လူမျိုးများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သံလွင်မြစ်အရှေ့ခြမ်းတွင် အများအားဖြင့် နေထိုင်ကြောင်း သိရသည်။

သတင်း ။   ။ မောင်ဆွေငြိမ်း
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပေါင်မှာ တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>