Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့မှ ဘုရင့်နောင်ရင်ပြင်အား ၂၀၁၅ခုနှစ် ပထမလအတွင်း ဖွင့်လှစ်မည်

$
0
0
တာချီလိတ်မြို့သည် ထိုင်း - မြန်မာ - လာအို (၃)နိုင်ငံ ရွှေတြိဂံဒေသဖြစ်ပြီး နိုင်ငံခြားသားများ လာရောက်၍ အလည်အပတ် သွားလာနေသော နယ်စပ်မြို့ဖြစ်သည်နှင့် အညီ တာချီလိတ်မြို့တွင် အထင်ကရ နေရာများဟူ၍ ဘုရင့်နောင်ရင်ပြင်၊ မဟာမြတ်မုနိဘုန်းကြီးကျောင်း၊ မြို့နယ်ဓမ္မာရုံ နှင့် တာချီလိတ်ရွှေတိဂုံစေတီတော် စသည့် နေရာများရှိရာ နိုင်ငံခြားသား ဧည့်သည်များမှ သွားရောက် လည်ပတ်မှုများ ရှိသည်အနက် ဘုရင့်နောင်ရင်ပြင်သည် အကြောင်းအမျိုးမျိုးကြောင့် ၂၀၀၁ခုနှစ် ၀န်းကျင်မှ စ၍ ယနေ့အချိန်ထိ မဖွင့်လှစ်နိုင်သေးသည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၅ခုနှစ် ဇန်န၀ါရီလထဲမှာ ပြန်လည် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်မွမ်းမံ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်က ဆိုသည်။



ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ဖြိုးရှိန် ကလည်း"တာချီလိတ်မြို့ရဲ့ ဂုဏ်ဆောင် ဘုရင့်နောင် မင်းတရားကြီးရဲ့ ရုပ်တုကို အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခဲ့ရပြီး အခုလို ပြန်လည်ဖွင့်လှစ်တော့မယ်၊ လှပတဲ့ အမြင်ဆန်းတဲ့ ဒီဇိုင်းအသစ်လေးတွေနဲ့လည်း ပြန်လည်ပြုပြင် မွမ်းမံထားတာတွေဟာ တာချီလိတ်ဒေသခံ တစ်ယောက်အနေနဲ့ အရမ်းကို ၀မ်းသာကြည်နှုးမိပါတယ်၊ ဒီ ဘုရင့်နောင် မင်းတရားကြီးရဲ့ ရုပ်တုဆိုတာဟာ ကျွန်တော်တို့ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးရဲ့ သင်္ကေတ တစ်ရပ်လည်း ဖြစ်ပါတယ်၊ တာချီလိတ်မြို့မှာ ပြန်လည်ဖွင့်လှစ်နိုင်မယ် ဆိုရင်တော့ အများကြီး ၀မ်းသာဂုဏ်ယူပါတယ်.."ဟု ၀မ်းမြောက်စွာ ပြောလာသည်။



 "ပိတ်ထားတာထက် စာရင်တော့ ဖွင့်သင့်တာပေါ့၊ နိုင်ငံခြားသားတွေ အနေနဲ့ကလည်း ဖြတ်သွား ဖြတ်လာ လုပ်တိုင်း ပိတ်ထားတာကို မြင်မြင်နေရတော့ သူတို့ စိတ်ထဲမှာလည်း သို့လော သို့လောတော့ ဖြစ်သွားစေမှာပေါ့၊ ပြန်ဖွင့်မယ်ဆိုတော့ ကြိုဆိုပါတယ်ဗျာ..."ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းအောင်ကလည်း ပြောသည်။




ဘုရင့်နောင် မင်းတရားကြီးရုပ်တု နှင့် ရင်ပြင်အတွင်း ရေတံခွန်များဖြင့် အလှဆင်ယင်ထားရှိပြီး ထိုင်းနိုင်ငံဘက်မှ ပန်းအလှများလည်း စိုက်ပျိုးထားရှိသလို မီးအလှများဖြင့်လည်း လှပတင့်တယ် စေရေးအတွက် စည်ပင်သာယာရေးမှ ပြင်ဆင်မွမ်းမံနေလျက်ရှိတာကိုလည်း တွေ့ရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့မှ ဘုရင့်နောင်ရင်ပြင်အား ၂၀၁၅ခုနှစ် ပထမလအတွင်း.....
34 photos

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပေါင်မှာ တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>