Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျပ်(၃၂)သိန်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများအား ဟွေရဲစစ်ဆေးရေးဂိတ် ရှောင်ကွင်းလမ်း၌ ဖမ်းမိ

$
0
0
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် ၀မ်လုံးကျေးရွာအုပ်စုအတွင်းရှိ ဟွေရဲစစ်ဆေးရေးဂိတ်အား ရှောင်ကွင်းသွားသော လမ်းတွင် ယနေ့ နိုဝင်ဘာလ(၁၄)ရက် ညနေ(၃း၃၀)နာရီဝန်းကျင်အချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျပ်(၃၂)သိန်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ မိုင်းတွမ်း-တာချီလိတ်သွား ကားလမ်းရှိ ၀မ်လုံးအုပ်စု၊ ဟွေရဲ စစ်ဆေးရေး ဂိတ်အား ရှောင်ကွင်းသော လမ်းတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေကြစဉ် မိုင်းတွမ်းဘက်မှ တာချီလိတ်ဘက်သို့ နာဆာနင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေ စစ်ဆေးရာ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁)ထုပ်လျှင် (၂၀၀)ပြားစီပါသည့် (၆)ထုပ်နှင့် (၉၀)ပြားပါသည့် (၁)ထုပ်၊ စုစုပေါင်း(၁၂၉၀)ပြား၊ အလေးချိန်(၁၂၉) ဂရမ်ခန့် အားတွေ့ရှိသဖြင့် နာဆာနင် စီးနင်းလာသော ဆိုင်ကယ်နှင့်အတူ မူးယစ်ဆေးဝါးများအား သိမ်းဆည်းခဲ့ပြီး စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီး ရမိသူ နာဆာနင် အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၃၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>