Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် လေဆိပ်၌ ၀င်ကြေး ပေးဆောင်နေရသည့်အပေါ် ဒေသခံပြည်သူများ အနေဖြင့် လက်ခံနိုင်ခြင်း မရှိ

$
0
0
ပြီးခဲ့သည့် အောက်တိုဘာလ (၃)ရက်နေ့မှစတင်ကာ တာချီလိတ်လေဆိပ်တွင် ယာဉ်ဝင်ခွင့်များ ကောက်ခံနေခြင်းအတွက် ဒေသခံပြည်သူများမှ လက်ခံနိုင်ခြင်း မရှိကြောင်းသိရှိရသည်။


 "မော်တော်ယာဉ်ဝင်ခွင့်ဆိုပြီး ကားတစ်စီးကို ထိုင်းနိုင်ငံသုံး ဘတ်ငွေ (၂၀) ဆိုင်ကယ်တစ်စီးကို (၁၀)ဘတ်နှုန်း ကောက်ခံပါတယ်။ ဒါလုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ ၊ ရန်ကုန် - မန္တလေးလို နိုင်ငံတကာ လေဆိပ်ကြီးတွေမှာတောင် ယာဉ်ဝင်ခွင့် ကောက်ခံမှု လုံးဝမရှိတော့ပါဘူး ၊ ယာဉ်ရပ်နားခဆိုရင် လည်း ရပ်နားတဲ့ ယာဉ်တွေအတွက် အမိုးအကာ စီစဉ်ပေးထားတယ်ဆိုရင်တော့ တမျိုးပေါ့၊ အခုကျတော့ ငွေသာကောက်တာ အမိုးအကာလည်း မစီစဉ်ပေးပဲ နေပူထဲမှာပဲ ရပ်ထားရတာပါ"ဟု ယာဉ်မောင်းတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ယင်းသို့ယာဉ်ရပ်နားခ ကောက်ခံမှုနှင့် ပတ်သက်ပြီး လေကြောင်းဦးစီးဌာန ၊ တာချီလိတ်၏
လေဆိပ်တာဝန်ခံ ဦးမိုးသူရတင်ထံ ဆက်သွယ်မေးမြန်းရာ "ဟုတ်ပါတယ်၊ ကျွန်တော်တို့ အောက်တိုဘာ လဆန်းကစပြီး ကောက်တာပါ။ ကားပါကင် အမိုးအကာ လုပ်ပေးဖို့အစီအစဉ်မရှိပါဘူး၊ ကောက်ခံရတဲ့ အကြောင်းရင်းကလည်း လေဆိပ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက်ပါ၊ လုပ်ငန်းရှင်တစ်ဦးကို တစ်လ ကျပ်တစ်သိန်းနှုန်းနဲ့ လေလံပေးလိုက်တာပါ"ဟု ဖြေကြားခဲ့သည်။

ထိုသို့ကောက်ခံမှုနှင့် ပတ်သက်၍ "တာချီလိတ်လေဆိပ်မှာ မြန်မာ့လေကြောင်း အပါအ၀င်
လေကြောင်းလိုင်း (၇)လိုင်းလောက် ပြေးဆွဲဆင်းသက်နေပြီး နေ့စဉ် ယာဉ်အထွက်က မော်တော်ယာဉ် အစီးတစ်ရာကျော် ၊ ဆိုင်ကယ်အစီးတစ်ရာကျော် ၀င်ထွက်သွားလာနေပါတယ်။ ကားတစ်စီးကို ဘတ် (၂၀) အစီးတစ်ရာကို ဘတ်နှစ်ထောင် ၊ ဆိုင်ကယ်က ဆယ်ဘတ်နှုန်းဆိုတော့ ကောက်ခံငွေ တစ်နေ့ကို ဘတ် ၃ထောင်နီးနီးရှိပါတယ် ၊ မြန်မာငွေ ကျပ်တစ်သိန်းနီးပါးပေါ့၊ ဒီတော့ တစ်နေ့ကို ကျပ်တစ်သိန်းလောက် ရနေတဲ့ငွေကို လုပ်ငန်းရှင်တစ်ယောက်က တစ်လမှကျပ်တစ်သိန်းနှုန်းနဲ့ လေလံဆွဲပြီးကောက်တယ်ဆိုတာ ဘယ်လိုမှ သဘာဝမကျပါဘူး၊ နိုင်ငံတော်အတွက်လည်း နစ်နာသလို ပြည်သူလူထုအတွက်လည်း ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ တစ်ကယ်ဆိုရင် လေဆိပ်ဝန်ဆောင်ခဆိုပြီး လေယာဉ်လက်မှတ် တစ်စောင်ကို ကျပ်တစ်ထောင်နှုန်း  DCA က ကောက်ခံထားပြီးသားပါ။ ဒီလိုမျိုးထပ်ကောက်ဖို့မသင့်ပါဘူး၊ပိုဆိုးတာက တစ်ကြိမ်ဝင်ထွက် တိုင်း ဘတ် (၂၀) ၊ ( ၁၀ )ဘတ် ပေးနေရတော့ ပိုဆိုးတာပေါ့"ဟု လေကြောင်းလိုင်း တာဝန်ခံတစ်ဦးမှရင်ဖွင့်သည်။

ထို့အပြင် ထိုကဲ့သို့ လေဆိပ်ယာဉ်ရပ်နားခ ကောက်ခံခြင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အား
လေလံပေးရန် ဆောင်ရွက်ခြင်းများနှင့် ပတ်သက်ပြီး ဒေသအာဏာပိုင်အဖွဲ့အစည်းများထံ အသိပေး ညှိနှိုင်းခြင်းမျိုးလည်း မဆောင်ရွက်ခဲ့ပဲ ပွင့်လင်းမြင်သာမှု ကင်းမဲ့စွာဆောင်ရွက်ခဲ့ခြင်းအပေါ်
ဒေသခံပြည်သူများမှ လိုလားနှစ်သက်ခြင်းမရှိပဲ အဆိုပါ မော်တော်ယာဉ်ရပ်နားခ ကောက်ခံခြင်းအပေါ် ကန့်ကွက်ရှုံ့ချလျှက်ရှိကြောင်း သိရှိရသည်။

သတင်း ။  ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>