Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ အထက(တာလေ)တွင် ကျင်းပ

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် လူကုန်ကူးမှုတာဆီး ကာကွယ်ရေးအဖွဲ့နှင့် ဝေါဗီရှင်(မြန်မာ)တာချီလိတ်တို့ ပူးပေါင်းပြီး (၂၅)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူ စာချုပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲ များကို ယနေ့ နိုဝင်ဘာ(၁၄)ရက်၊ နံနက် (၉)နာရီအချိန်က တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။



အဆိုပါ အထိမ်းအမှတ်ပြိုင်ပွဲများအဖြစ် ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ ၊ သုံးချောင်းထောက်ပြိုင်ပွဲ၊ ပင်ပေါင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲများအား ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်စသည့် အချက်များ နှင့် အညီ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း (၂၄)ကျောင်းမှ ကျောင်းသားကျောင်းသူ (၃၀၀)ဦးခန့်က ပါဝင်ယှဉ်ပြိုင်ခဲ့သည်။


ဆက်လက်၍ တေးသရုပ်ဖော်ပြိုင်ပွဲနှင့် တစ်ခန်းရပ်ပြဇာတ် ပြိုင်ပွဲများကို နိုဝင်ဘာ (၁၅)ရက်တွင် ကျင်းပ သွားမည်ဖြစ်ပြီး ဆုရကျောင်းသားကျောင်းသူများကို ဆုများချီးမြှင့် မည်ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း ။  ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>