Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့အတွင်း သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီ နှင့် ရပ်ကွက်အဖွဲ့မှ ပထမအကြိမ် ပူးပေါင်းဆောင်ရွက်

$
0
0
တာချီလိတ်မြို့အတွင်း သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးကို အထူးရည်ရွယ်၍ တာချီလိတ် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သည့် "ဒို့မြို့၊ ဒို့ရွာ သန့်ရှင်းဖို့ စုပေါင်းအမှိုက်ကောက်ကြစို့"ခေါင်းစဉ်ဖြင့် ရပ်ကွက်သန့်ရှင်းရေးကို ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၇)ရက် နံနက်(၆း၃၀)နာရီအချိန်က တက်ကြွစွာဖြင့် ဆောင်ရွက်ခဲ့ကြသည်။




တာချီလိတ်မြို့တွင်း အများပြည်သူများအနေဖြင့် မိမိတို့၏ရပ်ကွက်အတွင်း သန့်ရှင်းရေးဆောင်ရွက်မှုတွင် ပူးပေါင်းပါဝင် လာနိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ၀မ်ကောင်းရပ်ကွက်၌ ဆောင်ရွက်ရာမှာ  ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်/မြို့နယ် ကော်မတီဝင်များ ဦးဆောင်၍ တာချီလိတ် ပြည်ခိုင်ဖြိုးလူငယ်အဖွဲ့ဝင်များ နှင့် ၀မ်ကောင်းရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ မီးသတ်အဖွဲ့ဝင်များ စသည်တို့မှ ပူးပေါင်းကာ ၀မ်ကောင်းရပ်ကွက် အတွင်း အမှိုက်ကောက်ခြင်း၊ အမှိုက်များရှင်းလင်းခြင်းကို တက်ကြွစွာဖြင့် ဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိရသည်။




ပြည်ခိုင်ဖြိုးပါတီ၏ ခရိုင်ကော်မတီဝင် ဦးဘိုစံက "လောလောဆယ် ကျွန်တော်တို့ ပါတီကနေ ဦးဆောင်ပြီးတော့ တာချီလိတ် တစ်မြို့လုံး အတိုင်းအတာအနေနဲ့ ပူးပေါင်းပါဝင်လာနိုင်ရန်အတွက် အပတ်စဉ် ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ညှိနှိုင်းပြီး ရပ်ကွက်သန့်ရှင်းရေးတွေ လုပ်သွားမှာပါ၊ အဓိက ကတော့ တစ်မြို့နယ်လုံး မြို့သန့်ရှင်းရေးကို မိမိတို့ အသိစိတ်ဓါတ်နဲ့ ပူးပေါင်းပါဝင် လာနိုင်ရန်အတွက်ပါ၊ ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်မြို့ကိုယ်ရွာ သန့်ရှင်းရေးအတွက်ဆိုတော့ အခြားပါတီတွေရော၊ လူမှုရေးအသင်းအဖွဲ့တွေရော၊ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရော အားလုံးပူးပေါင်း ပါဝင်လာနိုင်ရန် အတွက်ကိုလည်း ကြိုးစားသွားမှာပါ"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။



 မြို့မိမြို့ဖတစ်ဦးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက "တာချီလိတ်မြို့ဟာ နယ်စပ်ဒေသမြို့တဲ့အတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အမှိုက်များ ကင်းစင်နိုင်ရန် အတွက်ကတော့ အဓိကအားဖြင့် တာဝန်သိ ပြည်သူများက စတင်ပြီး ပူးပေါင်းဆောင်ရွက်မှာသာ တစ်မြို့လုံး အတိုင်းအတာအနေနဲ့ ပါဝင် လက်တွဲ လာနိုင်မှာဖြစ်ပါတယ်။ အခုအစီအစဉ်လေးက သိပ်ကောင်းပါတယ်၊ ရပ်ကွက်ထဲက ရေမြောင်းတွေ၊ အမှိုက်ကိစ္စတွေ  ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက ပိုအရေးကြီးတယ်လို့မြင်မိပါတယ်"ဟု သုံးသပ် ပြောဆိုလာသည်။


ဝမ်ကောင်းရပ်ကွက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသည့် ပြည်ခိုင်ဖြိုးပါတီ ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တာချီလိတ် ပြည်ခိုင်ဖြိုးလူငယ်အဖွဲ့ဝင်များအား လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက်  ဦးစိုင်းရှဲန် + ဒေါ်နန်းကျင်ထွေး (ရွှေငါးအိမ်ဆောက်ပစ္စည်းဆိုင်) မိသားစုမှ အလှူငွေအဖြစ် ဘတ်(၃၀၀၀)တိတိကို ပေးအပ်လှူဒါန်း လာကြောင်းလည်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့အတွင်း သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေး...
43 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>