Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နှစ်(၅၀)မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်း

$
0
0
၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည် ဖြစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ နှစ်(၅၀)မြောက် ရွှေရတု အထိမ်း အမှတ်အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်း လုပ်အားပေးပွဲကို စက်တင်ဘာလ အတွင်း ဒုတိယအကြိမ်အဖြစ် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၇)ရက် နံနက် (၆း၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။



တာချီလိတ်တွင် စက်တင်ဘာလအတွင်း ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုအဖြစ် ဖြစ်ပွားခဲ့ရာ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းနှင့် အနီးစပ်ဆုံး ရပ်ကွက်များအနက် တာလော့ရပ်ကွက်တွင် ရေနစ်မြှုပ်မှုဖြစ်ပွားပြီး ရေများ ကျဆင်းသွားသော်လည်း ရွှံ့နွံ နှင့် အမှိုက်များမှာ ထိုင်း - မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတား အောက်နှင့် အနီးတွင် တင်ကျန်ခဲ့သည့်အတွက် အဆိုပါ နေရာအား တက်ကြွစွာဖြင့် စုပေါင်းရှင်းလင်းခဲ့ကြသည်။



ခရိုင်ရဲတပ်ဖွဲ့ဝင်တစ်ဦးက "ပုန်းထွန်လမ်းရယ်၊ ရွှေနန်းတော်အနီး တံတားအောက် နဲ့ တာလော့ဈေးထဲက နေရာတစ်ချို့တွေမှာ သန့်ရှင်းရေးလုပ်နေကြပါတယ်၊ ဒီလထဲမှာဆိုရင်  ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် စုပေါင်းလုပ်အားပေးမှုပါ"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။



ထိုသို့ ဆောင်ရွက်ရာတွင် တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း ဦးဆောင်သည့်  ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦး၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်း နှင့် တာချီလိတ် ခရိုင်/မြို့နယ် အတွင်းရှိ ရဲအရာရှိများ၊ အခြားအဆင့် တပ်ဖွဲ့ဝင်များ နှင့် ရဲမိသားစုဝင်များ အပြင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအဖွဲ့မှ တက်ကြွစွာဖြင့် ရွှံ့နွံများ၊ အမှိုက်များအား ရှင်းလင်းနေကြသည်ကို တွေ့ရှိရသည်။


တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များသည်  နှစ်(၅၀)မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာလအတွင်း ပထမအကြိမ် စုပေါင်းသန့်ရှင်းရေးကို စက်တင်ဘာလ(၂၀)ရက်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ နှစ်(၅၀)မြောက် မြန်မာ.......
49 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>