Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဘရိတ်နှင့်လီဗာ မှားနင်း၍ ကားတစ်စီး ပလက်ဖောင်းကျော်ကာ ဆိုင်ဝင်တိုး

$
0
0
ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၇)ရက် နံနက်(၉း၅၄)နာရီအချိန်တွင် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ "ထင်ထင်"(အိုးခွက်​ ပန်းကန်​ အိမ်​သုံးပစ္စည်းအစုံ)ဆိုင်ရှေ့၌ ကားတစ်စီးသည် ဘရိတ်နှင့် လီဗာမှား၍ နင်းမိရာမှ  မတော်တဆ  ပလက်ဖောင်းသို့ကျော်လွန်ကာ အဆိုပါ ဆိုင်အတွင်းသို့ အနည်းအငယ် ၀င်ရောက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ထိုသို့ ဖြစ်ပွားမှုကြောင့် မော်တော်ယာဉ်နှင့် မောင်းသူမှာ ထိခိုက်ပွန်းပဲ့မှုမရှိပဲ ဆိုင်အတွင်းမှ အိမ်သုံးကုန်ပစ္စည်း အနည်းအငယ်သာ ပျက်စီးခဲ့ကြောင်း နှင့် ယာဉ်မောင်းသူအား ယာဉ်ပေါ့ဆမှုအဖြစ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။



"တာချီလိတ်မြို့မှာက တစ်ရက်တစ်ရက် ယာဉ်အန္တရာယ်တွေကိုပဲ ကြောက်နေရတယ်၊ ဒီလိုနယ်စပ်ဒေသမှာ ယာဉ်ထိန်းရဲတွေ အလုံအလောက် ချထားပေးရင်ကောင်းမယ်၊ ဒါမှလည်း ယာဉ်/လမ်းစည်းကမ်းကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နိုင်မယ်လို့ ယူဆရတယ်၊ အခုတော့ ယာဉ်ထိန်းရဲအင်အားနဲ့ တာချီလိတ်မှာ ရှိတဲ့ မော်တော်ယာဉ် အင်အားနဲ့က မမျှဘူးဖြစ်နေတယ်"ဟု ဗိုလ်ချုပ်လမ်းမဘေးရှိ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။



"ကျောင်းသွား၊ ကျောင်းလာ ကလေးတွေအတွက် ယာဉ်အန္တရာယ်စိုးရိမ်ရတယ်၊ ကျောင်းဆင်းချိန်ဆိုရင် ရွှေတိဂုံကြားလမ်းမှာ ဆိုင်ကယ်တွေ မဆင်မခြင်မောင်းလွန်းလို့ ကလေးတွေကို တိုက်သွားမှာတောင် စိုးရိမ်ရတယ်"ဟု အ.ထ.က(တာချီလိတ်) ကျောင်းသားမိဘတစ်ဦးမှလည်း ပြောလာသည်။

သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>