Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် ရေဘေးသင့် ပြည်သူများအတွက် ကျိုင်းတုံ လူမှုဝန်ထမ်းဦးစီးဌာန နှင့် ကျိုင်းတုံမြို့ရှိ လူမှုကူညီ စောင့်ရှောက်ရေးအသင်း အပါအ၀င် အဖွဲ့နှစ်ဖွဲ့တို့မှ ထောက်ပံ့ပစ္စည်းများ နှင့် ထောက်ပံ့ငွေများ လာရောက်လှူဒါန်း

$
0
0
စက်တင်ဘာလ(၁၈)ရက်နေ့က တာချီလိတ်မြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ အဓိက အားဖြင့် တာလော့ရပ်ကွက် နှင့် ပုန်းထွန်ရပ်ကွက်တို့ရှိ ရပ်ကွက်သူ၊ ရပ်ကွက်သား အချို့မှာ ရေဘေးဒဏ် ခံခဲ့ရသည့်အတွက် လတ်တလော ကာလအတွင်း ၀မ်းရေးအတွက် ကူညီဖြေရှင်းနိုင်ရန် အလို့ငှာ သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှ တဆင့် စားနပ်ရိက္ခာများ ဝေငှပေးခြင်း နှင့် လူမှုရေးအသင်းအဖွဲ့များမှ ထမင်းဗူးများ လိုက်လံဝေငှပေးခြင်းများဖြင့် ထောက်ပံ့ကူညီလျက်ရှိကြသည်။

( ကျိုင်းတုံမြို့ လူမှူကူညီစောင့်ရှောက်ရေးအသင်း - ကျပ် ၁၀ သိန်း )

(  ကျိုင်းတုံမြို့ ဗုဒ္ဓဘာသာ ဘုရားကျောင်းဂေါပကအဖွဲ့ နှင့် အမျိုးသမီးဝေယျာဝေစ္စအဖွဲ့မှ - ကျပ် ၅ သိန်း )

ယင်းသို့ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုအနေဖြင့် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ (၁၉)ရက် ညနေ(၅)နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ရေဘေးသင့် ပြည်သူများအတွက် ပေးအပ်လှူဒါန်းသော စုစုပေါင်း တန်ဖိုးငွေ 
( ၄၇၈၀၂၀၀)ကျပ် တန်ဖိုးရှိသည့် ဆန် နှင့် အသင့်စား ခေါက်ဆွဲခြောက်များကို ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင် က ပေးအပ်ထောက်ပံ့ရာ တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့မှ လက်ခံရယူသည်။


တဆက်တည်းမှာပင် ကျိုင်းတုံမြို့ လူမှုကူညီစောင့်ရှောက်ရေးအသင်းမှ တာချီလိတ် ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ လှူဒါန်းနိုင်ရန် ကျပ်ငွေ(၁၀)သိန်းတိတိကို ကျိုင်းတုံမြို့ လူမှုကူညီ စောင့်ရှောက်ရေး အသင်း ဒုတိယဥက္ကဌ ဦးသိန်းထိုက် မှ ပေးအပ်လှူဒါန်းရာ တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့မှ လက်ခံရယူသည်။


ဆက်လက်၍  ကျိုင်းတုံမြို့ ဗုဒ္ဓဘာသာ ဘုရားကျောင်း ဂေါပကအဖွဲ့ နှင့် အမျိုးသမီး ဝေယျာဝေစ္စအဖွဲ့မှ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်းကို အဆိုပါ အဖွဲ့၏ ဥက္ကဌ ဦးသိန်းထိုက် မှ ပေးအပ်လှူဒါန်းသည်။

ယခုလို လှူဒါန်းလာသည်များကို စနစ်တကျ ဖြစ်စေရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှ တဆင့် ရေဘေးသင့် ပြည်သူများအား ပြန်လည်၍ ထောက်ပံ့ပေးအပ် လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရသည်။

သတင်း  ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>