Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့အတွင်း ရေကြီးရေလျှံမှု ကာကွယ်နိုင်ရန်အတွက် နယ်စပ်ချောင်းတလျှောက် စစ်ဆေး

$
0
0
တာချီလိတ်မြို့ပေါ်တွင် မိုးရွာ၍ ရေကြီးရေလျှံမှုများ နှင့်အတူ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်လေ့ဖြစ်ထရှိခဲ့သော်လည်း ယခုနှစ် စက်တင်ဘာလအတွင်း အဆိုးရွားဆုံး ရေကြီးနုန်းတင်ကျန်မှုအဖြစ် စက်တင်ဘာလ(၆)ရက်နေ့တွင် တစ်ကြိမ် နှင့် စက်တင်ဘာလ(၁၈)ရက်တို့တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိဖြစ်ပေါ်ခဲ့သည့်အတွက် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁၉)ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ်၊ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး အဖွဲ့မှ ရေကြီးရေလျှံမှု အလွယ်တကူ ဖြစ်ပွားလေ့ရှိသည့် ထိုင်း - မြန်မာ နယ်စပ် ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းနှုတ်ခမ်းတလျှောက် လိုက်လံကြည့်ရှုစစ်ဆေးကြသည်။


နယ်စပ်ချောင်းတစ်လျှောက် ရှမ်းပြည်နယ် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊  ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ နှင့် ပြည်နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊  မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံနှင့် အတွင်းရေးမှူး ဦးကျော်ဇင်၊ မြို့နယ်အထောက်အကူပြု ကော်မတီဝင်များ ပါဝင်သည့် အဖွဲ့မှ လိုက်လံကြည့်ရှုခဲ့ကြသည်။



အဆိုပါ အဖွဲ့သည် ပုန်းထွန်ရပ်ကွက်ရှိ ပြည်သူ့စစ်ဂိတ်သို့ သွားရောက်ပြီး မယ်ဆိုင်ချောင်းမှ တဆင့် ရေများ ၀င်ရောက်လာပုံများကို ကြည့်ရှုစစ်ဆေးကြပြီး မယ်ဆိုင်ချောင်းမှ ရေလျှံ၍ ၀င်ရောက်လာမှုကို ကာကွယ်နိုင်ရန်အတွက် အုတ်များစီနိုင်ရေးကို လေ့လာခဲ့ကြသည်။


ဆက်လက်၍ ယင်းအဖွဲ့သည် ရွှေနန်းတော် ကုန်တိုက်ဝန်းအတွင်းရှိ ချောင်းဘေး အုတ်နံရံများကိုလည်း ထပ်တိုးမြှင့်၍ ကာရံနိုင်ရန်အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ ပြည်သူ့စစ်ဂိတ်သို့ သွားရောက်ကာ ရေ၀င်ရောက်မှု အဟန့်အတားများနှင့် ရေကြီးမှု ကာကွယ်နိုင်ရန် အတွက်ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ကိစ္စရပ်များအတွက် တင်ပြနိုင်ရန် မြေပြင်ကွင်းဆင်း ခဲ့ကြသည်။



အဆိုပါအဖွဲ့သည် ထိုင်း - မြန်မာ နယ်စပ်ချောင်း ဖြစ်သည့် မယ်ဆိုင်ချောင်းတလျှောက်ရှိ တာချီလိတ်ဘက်မှ ကာရံထားပြီး နိမ့်နေသော အုတ်တံတားများအား ခပ်မြင့်မြင့် ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


မယ်ဆိုင်ချောင်းမှ တဆင့် ရေများဝင်ရောက်လာမှုနှင့် ရေစီးရေလာအတွက် ရေနုတ်မြောင်းများ ဆယ်ယူရေး စသည့် ကိစ္စရပ်များအတွက် တာချီလိတ်ဒေသခံ ပြည်သူများ အနေဖြင့်လည်း လိုလားနေကြသည့်အပြင် မယ်ဆိုင်ချောင်းတလျှောက် ခိုင်မာစွာဖြင့် ကျောက်ကြီးများ စီရံထားသော အုတ်တံတိုင်းခပ်မြင့်မြင့်များ ရှိရန်လည်း အထူးလိုလားနေကြကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
တာချီလိတ်မြို့အတွင်း ရေကြီးရေလျှံမှု ကာကွယ်နိုင်ရန်အတွက် နယ်စပ်...
39 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>