၂၀၁၄ခုနှစ် ဇူလိုင်(၁၄)ရက်နေ့မှစတင်၍ အထူးပိတ်စို့၊ နယ်မြေရှင်းလင်းမှု တစ်ရပ်အနေဖြင့် တာချီလိတ်ခရိုင် ၀င်ပေါက်၊ ထွက်ပေါက်များ၊ နှင့် မိုင်းဆတ်ခရိုင် ၀င်ပေါက်၊ ထွက်ပေါက် အနီးဝန်းကျင်များကို တပ်မတော် နှင့် မူးယစ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အရှိန်အဟုန်တိုးမြှင့်၍ ဆောင်ရွက်ရာ မိုင်းဆတ်ခရိုင်၊ ပူနားကိုကျေးရွာ နှင့် အနီးဝန်းကျင်ကျေးရွာများတွင် မူးယစ်ဆေးဝါးများ အပါအ၀င် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို သြဂုတ်လ (၁၂)ရက်နေ့အထိ ရှာဖွေသိမ်းဆည်း ရမိလျက်ရှိကြောင်း သတင်းရရှိသည်။
၂၀၁၄ခုနှစ် သြဂုတ်လ(၁၂)ရက် မွန်းလွဲ(၁း၅၀)နာရီ အချိန်ခန့်က မိုင်းဆတ်ခရိုင် စတုံးအုပ်စု၊ မယ်ကြုတ်(၁)ရွာ အရှေ့ဘက် (၂)မိုင်ခန့် အကွာ လျှိုအတွင်း တောင်စောင်းမြေကြီးအတွင်း၌ အမှတ်(၅၂၇) ခြေမြန်တပ်ရင်း နှင့် မူးယစ်တပ်ဖွဲ့ဝင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အထူးစီမံချက် တစ်ရပ် အနေဖြင့် နယ်မြေရှင်းလင်း ရှာဖွေစဉ် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေ တွေ့ရှိရကြောင်း သိရသည်။
ထိုသို့ နယ်မြေ ရှင်းလင်းရှာဖွေရာတွင် ကာလတန်ဖိုးငွေ ကျပ် (၁၄.၇၆)သိန်း တန်ဖိုးရှိသည့် အမိုနီယမ်ကလိုရိုက် (၄၉၂)ကီလို၊ အီသိုင်းအီသာဆေးရည်(၁၂)လီတာနှင့် အရိုးမီးသွေး (၃၀)ကီလို တို့အား ပိုင်ရှင်မဲ့ အနေဖြင့် ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသည့်အတွက် မိုင်းတွမ်းနယ်မြေ ရဲစခန်းမှ မယ(ပ)၁၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရအမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
၂၀၁၄ခုနှစ် သြဂုတ်လ(၁၂)ရက် မွန်းလွဲ(၁း၅၀)နာရီ အချိန်ခန့်က မိုင်းဆတ်ခရိုင် စတုံးအုပ်စု၊ မယ်ကြုတ်(၁)ရွာ အရှေ့ဘက် (၂)မိုင်ခန့် အကွာ လျှိုအတွင်း တောင်စောင်းမြေကြီးအတွင်း၌ အမှတ်(၅၂၇) ခြေမြန်တပ်ရင်း နှင့် မူးယစ်တပ်ဖွဲ့ဝင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အထူးစီမံချက် တစ်ရပ် အနေဖြင့် နယ်မြေရှင်းလင်း ရှာဖွေစဉ် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေ တွေ့ရှိရကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net