Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှ Third Wave လုပ်ငန်းစဉ်အဖြစ် အရာထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ကျိုင်းတုံ၌ ပို့ချ

$
0
0
နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန်အတွက် ပြီးခဲ့သော ဇူလိုင်လ(၂၈)ရက်နေ့က ကျိုင်းတုံမြို့တွင် တွေ့ဆုံညှိနှိုင်းခဲ့ကြပြီးနောက် သြဂုတ်လ(၁၁)ရက်မှ (၁၂)ရက်နေ့အထိ ကျိုင်းတုံမြို့တွင် Third Wave လုပ်ငန်းစဉ်(၁) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရာထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ကျော်ထွန်း ဦးဆောင်သည့်အဖွဲ့မှ သင်တန်း၌ ဆွေးနွေးပို့ချ ဖလှယ်ခဲ့ကြကြောင်း သိရသည်။




Third Wave လုပ်ငန်းစဉ်(၁) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရာထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကို ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့ရုံးရှိ အစည်းအဝေးခန်းမမှာ (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရသည်။




ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ကျော်ထွန်း ဦးဆောင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ ခရိုင်နှင့်မြို့နယ် အသီးသီးတို့မှ ပါဝင်သည့် ရဲအရာရှိ (၂၁)ဦးတို့သည် ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု စသည့် သဘောတရားများနှင့် လက်ရှိဆောင်ရွက်နေရသည့် ရဲတပ်ဖွဲ့လုပ်ငန်းတာဝန်များကို အပြန်အလှန် ဆွေးနွေးပို့ချ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာနည်း


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>