Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ခွေးလေ ခွေးလွင့်များကို အဆိပ်ကျွေး နှိမ်နင်းမည့် ကိစ္စ ပြည်သူများအား အသိပေး နောက်ကျ

$
0
0
တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လေလွင့်သွားလာနေသော ခွေးများရှိနေပြီး အများပြည်သူလူထု အနှောက်အယှက်မဖြစ်စေရေး နှင့် မြို့အင်္ဂါရပ်နှင့် ညီညွှတ်စေရေးတို့အပြင် ခွေးရူးရောဂါ မဖြစ်ပေါ်စေရေးအတွက်ဟု ရှေးရှုကာ တာချီလိတ်မြို့ပေါ် ရပ်ကွက်များ၏ လမ်းပေါ်တွင် လေလွင့်သွားလာနေသော ခွေးလေ ခွေးလွင့်များအား ခွေးရူးနှိမ်နင်းရေးအဖွဲ့မှ အဆိပ်ကျွေး၍ ယနေ့ သြဂုတ်လ(၁၂)ရက် ည(၇)နာရီ သြဂုတ်လ(၁၃)ရက်နေ့ နံနက်(၇)နာရီအချိန်ထိ နှိမ်နင်းမည်ဖြစ်ကြောင်း သိရသည်။

လမ်းပေါ် လေလွင့်နေသော လေလွင့်ခွေးများအား အဆိပ်ကျွေးနှိမ်နင်းမည့် အစီအစဉ်ကို ယနေ့ သြဂုတ်လ(၁၂)ရက် ည(၇)နာရီမှ စတင်၍ ဆောင်ရွက်မည်ဖြစ်သော်လည်း အဆိုပါကြော်ငြာချက်ကို ည(၈)နာရီဝန်းကျင်မှ ရပ်ကွက်ရုံးသို့ ဖြန့်ဝေတာသည့်အတွက် အများပြည်သူများအား အသိပေးမှု နောက်ကျကြောင်း သိရသည်။

လေလွင့်ခွေးများအား အဆိပ်ကျွေးနှိမ်နင်းမည့် ကိစ္စကို အများပြည်သူများအား အသိပေးနောက်ကျသည့် ကိစ္စနှင့် ပတ်သက်၍ "စည်ပင်က 'တာချီလိတ်မြို့တွင်းရှိ အများပြည်သူများ သိရှိရန် ကြော်ငြာအပ်ပါသည်'ဆိုတဲ့ စာရွက်ကို ည(၈)နာရီလောက်မှ ရပ်ကွက်ရုံးကို လာပေးတော့၊ အလောတကြီးနဲ့ ရပ်ကွက်ထဲ အမြန်လှည့်အော်လိုက်ရတယ်၊ အဲ့လို တစ်ရက်လောက် ကြိုတင်အသိမပေးပဲ လုပ်မှပဲ ထကြော်ငြာတော့ တစ်ချို့ အိမ်မွေးခွေးပိုင်ရှင်တွေက သူတို့ ခွေး အဆိပ်ကျွေးတဲ့အထဲ ပါသွားမှာကို စိုးရိမ်နေကြတယ်၊ တကယ်ဆိုရင် တစ်ရက်လောက်ကြိုပြီး အသိပေးရင် အားလုံးအတွက် ကြိုတင်ပြင်ဆင်လို့ရတာပေါ့၊ အခုတော့ ည(၈)နာရီလောက်မှ စာရွက်လာပေးတယ်။"ဟု မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအဖွဲ့ဝင်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>