Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

လာအိုနိုင်ငံမှ ပြစ်ဒဏ်စေ့ ချင်းတိုင်းရင်းသားအား မြန်မာဘက်သို့ လွှဲပြောင်း

$
0
0
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ပြည်တော်သာကျေးရွာတွင် နေထိုင်သူ ချင်းတိုင်းရင်းသား အသက်(၁၉)နှစ်အရွယ် မောင်ခမ်းကျင်သည် မလေးရှားနိုင်ငံသို့ တရားမ၀င်နည်းလမ်းဖြင့် သွားရောက်ရာ လမ်းခုလတ်ဖြစ်သော လာအိုနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်စေ့ပြီးဖြစ်၍ ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၁၂)ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ် ၀မ်ပုံဆိပ်ကမ်း၏ တစ်ဖက်ဖြစ်သော လာအိုနိုင်ငံ၊ ဝှေ့ဆိုင်ခရိုင်၊ မိုင်းမောမြို့၊ မိုင်းမောဆိပ်ကမ်းတွင် မြန်မာနိုင်ငံဘက် တာဝန်ရှိသူများထံ တရားဝင်ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြသည်။


( ရုပ်သံ )
ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် တာချီလိတ်ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ တာချီလိတ်ခရိုင် ဒု-ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ အမှတ်(၂)တပ်စု၊ တပ်စုမှူး ဗိုလ်ကြီးကျော်မျိုးဝင်း၊ တာချီလိတ်သတင်းတပ်ဖွဲ့ မှ ဒုရဲမှူး ဇော်မြင့်ထွန်း နှင့် မြန်မာ - လာအို နယ်ခြားကော်မတီမှ ဦးဘိုလေး တို့ ပါဝင်သည့် အဖွဲ့သည် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားအား ပြန်လည် လက်ခံရန် လာအိုနိုင်ငံ၊ ဝှေ့ဆိုင်ခရိုင်၊ မိုင်းမောမြို့၊ မိုင်းမောဆိပ်ကမ်းသို့ သွားရောက်ခဲ့ကြသည်။


လွှဲပြောင်းမှုကို လက်ခံရာတွင် လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူး ဒေါ်မြတ်သီတာအေး က တရားမ၀င် ၀င်ရောက်လာသူ မြန်မာနိုင်ငံသားဖြစ်သော ချင်းတိုင်းရင်းသား၏ အချက်အလက်များနှင့် လာအိုနိုင်ငံဘက် သက်ဆိုင်ရာများက မည်သည့်ကိစ္စဖြင့် ဖမ်းဆီးထားပြီး အရေးယူခဲ့ပုံကို မြန်မာဘက်မှ ရောက်ရှိလာသည့် အဖွဲ့အား ရှင်းပြပြီးနောက် လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းရှိ သက်ဆိုင်ရာများက ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားအား လွှဲပြောင်းမှုအဖြစ် လက်မှတ်ရေးထိုး၍ တရားဝင်လွှဲပြောင်းခဲ့ကြသည်။



အသက်(၁၉)နှစ်အရွယ်ရှိ ချင်းတိုင်းရင်းသား မောင်ခမ်းကျင်သည် မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နိုင်ရန် ၎င်း၏ မိတ်ဆွေများနှင့်အတူ မြန်မာနိုင်ငံမှ တဆင့် တရုတ်နယ်စပ်၊ လာအိုနယ်စပ်၊ ထိုင်းနယ်စပ်တို့မှ တဆင့် မလေးရှားသို့ ၀င်ရောက်ရန်အတွက် ထွက်ခွာရာမှ လာအိုနိုင်ငံသို့ အရောက်တွင် တရားမ၀င် ၀င်ရောက်လာမှုဖြင့် ဖမ်းဆီးခံရတာဖြစ်ပြီး ၎င်းအား ပြစ်ဒဏ်အဖြစ် (၁)နှစ်(၂)လချမှတ်ခံရပြီးမှ ယခုလို ပြစ်ဒဏ်စေ့သည့်အခါ လာအိုနိုင်ငံရှိ မြန်မာသံရုံးမှ ကူညီ၍ မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်း ပေးအပ်တာဖြစ်ကြောင်း သိရသည်။



မောင်ခမ်းကျင်အား လာအိုနိုင်ငံမှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သော အဖွဲ့တို့သည် ၎င်းအား နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် နှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ အရောက်တွင် သက်ဆိုင်ရာမှ ဆက်လက် ကူညီပေးနိုင်ရန် အတွက်ကိုလည်း စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
လာအိုနိုင်ငံမှ ပြစ်ဒဏ်စေ့ ချင်းတိုင်းရင်းသားအား မြန်မာဘက်သို့ လွှဲ
40 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>