Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်း စည်းရုံးရေးကော်မတီမှ သက်ကြီးနှင့်မသန်စွမ်းများအပါအ၀င် မိသားစုဝင် ကျောင်းသား/သူများ၏ ပညာရေးအတွက် ကျပ်သိန်း ၆၀ ကျော် ထောက်ပံ့

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်း စည်းရုံးရေးကော်မတီတို့မှ ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ငွေ၊ သက်ကြီးနှင့် မသန်စွမ်းများအား ထောက်ပံ့ငွေများ ချီးမြှင့်ခြင်း အခမ်းအနားကို တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ သြဂုတ်လ(၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။



ယင်းအခမ်းအနားမှာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး က အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းစည်းရုံးရေးကော်မတီ ဥက္ကဌ ဗိုလ်ကြီးကျော်ဇင်(ငြိမ်း)က ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီးနောက်မှာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့က သက်ကြီး(၇၅)နှစ်အထက် သက်ကြီးအဖွဲ့ဝင် (၂၄)ဦးအတွက် ထောက်ပံ့ငွေ ကျပ်ရှစ်သိန်းနှစ်သောင်း၊ မသန်စွမ်းအဖွဲ့ဝင် (၁၃)ဦးအတွက် ကျပ်ငါးသိန်းနှစ်သောင်း၊ တက္ကသိုလ်အဆင့် ကျောင်းသား/ကျောင်းသူ (၁၁)ဦးအတွက် ကျပ်ခြောက်သိန်းငါးထောင်၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၅၀)ဦး အတွက် ကျပ်သိန်းနှစ်ဆယ်၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၅၈)ဦးအတွက် ကျပ်တစ်ဆယ့်ခုနှစ်သိန်းလေးသောင်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူ (၃၁)ဦးအတွက် ကျပ်ခြောက်သိန်းတစ်သောင်းကျပ် စသည်ဖြင့် ကျပ်သိန်းခြောက်ဆယ်ကျော် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြတာကို တွေ့ရှိခဲ့ရပါသည်။



စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို ယခုလို ထောက်ပံ့ပေးနိုင်ခြင်းဟာ အားရ၀မ်းသာစရာဖြစ်ပြီး မှီခိုသူ သားသမီးများရဲ့  ပညာရေးအတွက် စီမံဆောင်ရွက်ပေးနိုင်မှု၊ သက်ကြီးနှင့်မသန်စွမ်း စစ်မှုထမ်းဟောင်းများကို ထောက်ပံ့ပေးနိုင်မှုတို့မှာ တပ်မတော်သားများ၏ စည်းလုံးညီညွှတ်မှုကို ကွင်းကွင်းကွက်ကွက် ပြသနေခြင်းဖြစ်တာကို တွေ့မြင်ရပါသည်။


နှစ်ပေါင်းများစွာ စစ်မှုထမ်းခဲ့ခြင်းကြောင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုကို ပြောပြစရာလိုမည် မထင်တော့ပါ။ သီးခြားအုပ်စုဝင် စစ်မှုထမ်းဟောင်းများမှာ အသက်(၇၅)နှစ်ကျော်သော်လည်း သန်စွမ်းကျန်းမာနေဆဲဖြစ်ပြီး အရွယ်အိုသော်လည်း အပြုံးပန်းများမှာ ကျက်သရေရှိလှပေသည်။


နိုင်ငံတော်အတွက် ကိုယ်လက်အင်္ဂါပေးလှူခဲ့သည့် စစ်မှုထမ်းဟောင်းများမှာ အားမလျော့ဘဲ ဆက်လက်ကြိုးစားနေပြီး မသန်သော်လည်း စွမ်းနေပေသည်။ သူတို့၏ အပြုံး၊ သူတို့၏ အားမာန်များက ကျောက်ဆောင်၊ ကျောက်သား ထက်သာမက သံမဏိကဲ့သို့ပင် မာကျောနေပေသည်။ သက်ကြီးများ၏ အပြုံးက လူငယ်များ အတုယူစရာပင် ဖြစ်နေပါတော့သည်။



စစ်မှုထမ်းဟောင်းများ၏ နိုင်ငံတော် အပေါ်ထားရှိသည့် သစ္စာစောင့်သိမှုသည် အနာဂတ်တွင် ပခုံးပြောင်းပြီး နိုင်ငံ့တာဝန်ထမ်းဆောင်မည့် လူငယ်များအတွက် အတုယူစရာတစ်ခုအဖြစ် တင်ပြလိုက်ရင်း သူတို့၏ အပြုံးများ၊ သူတို့၏ အားမာန်ကို လေးစားဂုဏ်ပြုအပ်ပါသည်။
သတင်းဆောင်းပါး။   ။ ကိုသားကြီး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>