Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်အား အမှိုက်ကင်းစင်ရေးဇုံအဖြစ် ကြိုးပမ်းသွားမည်ဟု စည်ပင်သာယာရေးကော်မတီဝင်မှ ပြောကြား

$
0
0
တာချီလိတ်အွန်လိုင်းတွင် ပြီးခဲ့သော ဇူလိုင်လ(၃၁)ရက်နေ့က ဖော်ပြခဲ့သည့် "တာချီလိတ် စည်ပင်မှ နေ့ပိုင်း အမှိုက်လှဲသည့်အတွက် ဖုန်များကြောင့် စားသောက်ဆိုင်နှင့် လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်နေ"ဆိုသည့် သတင်းနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက သြဂုတ်လမှစ၍ တံမြက်စည်းလှဲချိန်ကို နံနက်(၅)နာရီတွင် ပြောင်းလဲ သတ်မှတ်ကာ လှဲနေပြီ ဖြစ်ကြောင်းနှင့် တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် အမှိုက်ကင်းစင်ရေးဇုံအဖြစ် သတ်မှတ်ကာ ဆောင်ရွက်ရန်အတွက် သန့်ရှင်းရေးဝန်ထမ်း (၁၀)ဦးခန့် အပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးထိန်မင်း ထံမှ သိရသည်။

ယင်းသို့ ခန့်အပ်ထားရှိရာတွင် နေ့စားလပေးစနစ်အဖြစ် သန့်ရှင်းရေးဝန်ထမ်း (၁၀)ဦး ခန့်အပ် ထားရှိမည်ဖြစ်ရာ လစာနှုန်းထားမှာ တစ်ဦးလျှင် ကျပ်(၇၀၀၀၀)မှ ကျပ်(၉၀၀၀၀)ထိ သတ်မှတ်ထားပြီး နေစရာမရှိက နေစရာပါ စီစဉ်ပေးမှာဖြစ်ကြောင်းအပြင် ယာဉ်မောင်း/စက်မောင်း ၀န်ထမ်း (၅)ဦးကိုလည်း ခန့်ထားနိုင်ရန်အတွက် ယခုဖော်ပြပါ လုပ်ငန်းနှင့် ပတ်သက်၍ လုပ်ကိုင်လိုသူများ အနေဖြင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရုံးတွင် ဆက်သွယ်နိုင်သလို မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးထိန်မင်း ထံ ( အကောက်ခွန်ရုံးရှေ့ရှိ မေတ္တာ(စာစီစာရိုက်/မိတ္တူ)ဆိုင် ) သို့ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည်နှင့်အညီ ထိုင်းနိုင်ငံမှ တဆင့် ၀င်ရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားများ၏ ၀င်ထွက်သွားလာ လည်ပတ်မှုမှာ နေ့စဉ် သွားလာနေသည့်အတွက် တာချီလိတ်မြို့အနေဖြင့် ယာဉ်သွားယာဉ်လာ ရှုပ်ထွေးမှုကို ပြုပြင်ရန် နှင့် အမှိုက်ကင်းစေရေး လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်သည်ဖြစ်ရာ ယခုအခါမှာ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် အမှိုက်ကင်းစင်ရေးဇုံအဖြစ် အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>