Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့မ ၀မ်ကောင်းဈေးရှိ အပြင်တန်း ပျံကျဈေးသူ၊ ဈေးသားများအနေဖြင့် ၎င်းတို့၏ မူလနေရာ ပြန်လည်မရရှိပါက ဆန္ဒထုတ်ဖော်မည့် အခြေအနေရှိ

$
0
0
တာချီလိတ်မြို့မ ၀မ်ကောင်းဈေးအပြင်တန်းရှိ ဈေးသူ၊ ဈေးသားများ၏ ဆိုင်ခန်း(၈၆)ခန်းအား ယခင်ဈေးနေရာအတိုင်း မြေညီထပ်တွင် ပြန်လည်နေရာချထားပေးပါရန် တောင်းဆိုမှုအပေါ် (၂၁.၇.၂၀၁၄)ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယခုဖော်ပြပါ ဈေးသူ၊ဈေးသားများနှင့် ဆောက်လုပ်ရေးကုမ္ပဏီ၊ စည်ပင်သာယာရေးဌာန တို့ တွေ့ဆုံကာ ညှိနှိုင်းအစည်းအဝေးခေါ်ယူခဲ့ပြီး ယင်းအစည်းအဝေး၏ တင်ပြချက်နှင့်ဆုံးဖြတ်ချက်အား (၂၂.၇.၂၀၁၄)ရက်နေ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်တွင် ဆက်လက်တင်ပြပေးမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးမှ ပြောကြားပြီး အစည်းအဝေး ရုတ်သိမ်းခဲ့ပြီးနောက် ၀န်ကြီးချုပ်ခရီးစဉ်တွင် တင်ပြရန် အခွင့်မသာခဲ့ကြောင်း သိရပါသည်။


ဝန်ကြီးချုပ်၏ (၂၂.၇.၂၀၁၄) ခရီးစဉ်တွင် ဈေးသစ်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်သွားပြီးနောက် အပြင်တန်း ဈေးဆိုင်ခန်း (၈၆)ခန်းအား နေရာချထားရေး ကိစ္စနှင့် ပတ်သက်၍ ယနေ့ သြဂုတ်လ(၄)ရက်နေ့ အထိ ထူးခြားမှု တစ်စုံတစ်ရာမရှိခဲ့ပါ။

ဝန်ကြီးချုပ်ခရီးစဉ် (၂၂.၇.၂၀၁၄)တွင် အပြင်တန်း ဆိုင်ခန်း (၈၆)ခန်းမှ ဈေးသူ၊ ဈေးသားများမှ ဈေးသစ်လုပ်ငန်းခွင် အနီးမှ စောင့်ဆိုင်းပြီး တွေ့ဆုံတင်ပြနိုင်ရန် ကြိုးစားခဲ့သော်လည်း မြေပြင် အခြေအနေအရ အခွင့်မသာသဖြင့် ဈေးသူ၊ဈေးသားများမှ များစွာစိတ်မကောင်း ဖြစ်ခဲ့ရပါသည်။

မိမိတို့၏ တင်ပြချက်များကို စာဖြင့် အကြိမ်ကြိမ်ရေးသား တင်ပြခဲ့သော်လည်း သက်ဆိုင်ရာမှ တစ်စုံတစ်ရာ အဖြေပေးခြင်းမရှိပါ။ မြို့မဈေးအတွင်း ဆိုင်ခန်းမည်မျှ တည်ဆောက်ပြီး ဆိုင်ခန်းမည်မျှ ရောင်းချပြီးသည်ကိုလည်း အသိမပေးသည့် ကိစ္စနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိသည်မှာ အထင်အရှားဖြစ်ပါသည်။

၂၁.၇.၂၀၁၄ ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့်  ညှိနှိုင်း အစည်းအဝေးတွင် ကုမ္ပဏီမှ တင်ပြရာ မိမိတို့ အပြင်တန်းဈေးသည်များ အတွက် ဆိုင်ခန်း(၈၆)ခန်းနေရာကို (၁) နမ့်ယွန်းချောင်းပေါ် တည်ဆောက်ပေးရန် (၂) အကောက်ခွန်ရုံး ကျောချင်းကပ်တွင် သတ်မှတ်ပေးရန် (၃) ဈေးအပေါ်ဆုံးထပ် (တတိယထပ်)တွင် ပေးမည်ဟု အဆိုပြု တင်ပြခဲ့ခြင်း အပေါ် မိမိတို့မှ ရေချောင်းပေါ်တွင် ရေကြီးနစ်မြုပ် အန္တရာယ်ရှိသဖြင့် လက်မခံနိုင်သလို မြို့မိမြို့ဖများကလည်း လက်မခံပါ။ အကောက်ခွန်ရုံး ကျောချင်းကပ် နေရာသည် မူလပိုင်ရှင်ရှိနေသလို တတိယထပ်တွင်လည်း အရောင်းအ၀ယ် အဆင်ပြေမည့် အခြေအနေ လုံးဝ မရှိသောကြောင့် လက်မခံနိုင်ပါ။ ထို့ကြောင့် ယခင်က မိမိတို့ မူလရောင်းချခဲ့သော နေရာတွင်သာ အခန်းပြန်လည် ရယူလိုကြောင်း တင်ပြခဲ့ပါသည်။

ကုမ္ပဏီမှ စိတ်ကြိုက်ရောင်းချခွင့်ရှိသည်ဆိုသည့် မူကို ကိုင်ဆွဲလျှက် အပြင်တန်းဈေးသည်များကို လစ်လျူရှုလျှက် နေရာပျောက်အောင် ပြုလုပ်နေပါသည်။

တင်ဒါစည်းကမ်း အပိုဒ်(င) နှင့် အပိုဒ်(ဆ)အရ ပျံကျဈေးတန်းတည်ဆောက်ရန် နှင့် ဒီဇိုင်းပုံစံဖော်ပြရန် သတ်မှတ်ချက်ပါရှိလျှက် ကျွန်တော်တို့ ဈေးသူ၊ ဈေးသားများအား နေရာချထားရန် ပျက်ကွက်နေခြင်းမှာ မမှန်မကန် ဆောင်ရွက်ချက်ဖြစ်နေပါသည်။

ယခုအဆောက်အဦ ဆောက်လုပ်မှုမှာ (၈၀)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီး နိုဝင်ဘာလကုန်လျှင် ဖွင့်လှစ်မည်ဟု သတင်းများ ဖြစ်ပေါ်နေပါသည်။ အတွင်းဆိုင်ခန်း (၁၀)ပေ ပတ်လည် နှင့် (၁၂)ပေ ပတ်လည်ရှိ ဆိုင်ခန်းများမှာ (၃)ရစ်(၄)ရစ်အထိ ပေးသွင်းပြီး ဖြစ်ပါသည်။

မိမိတို့ဘက်မှ လျော့ပေါ့ တောင်းဆိုသည့်အနေဖြင့် ယခင်(၁၀)ပေ ပတ်လည် (၈၆)ခန်းအစား မိမိတို့ မြေညီထပ်တွင် (၅)ပေပတ်လည် (၈၆)ခန်းနှုန်းဖြင့် (၁၀)ပေပတ်လည် (၄၃)ခန်း ချထားပေးရန် တောင်းဆိုပါသည်။

ယင်းအခန်းများအတွက် တစ်ခန်းဈေးနှုန်းကို ကျပ်သိန်း(၉၀)နှုန်းဖြင့် ပေးချေရန် နှင့် အရစ် (၃)ရစ် စနစ်ဖြင့် ပေးချေခွင့်ပြုပါရန် တင်ပြတောင်းဆိုပါသည်။

ယင်းတောင်းဆိုချက်များ မရရှိပါက မိမိတို့ အပြင်တန်း (၈၆)ခန်း နှင့် မှီခိုသူ ကလေးသူငယ်များ အပါအ၀င် စုစုပေါင်း(၅၀၀)ခန့်တို့၏ စားဝတ်နေရေး၊ ပညာရေး နှင့် ဘ၀ရပ်တည်မှုအတွက် ဥပဒေနှင့်အညီ ထုတ်ဖော် သွားမှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပုံသေပျံကျ အပြင်တန်း ဈေးဆိုင်ခန်း၏
 ဈေးသူ၊ ဈေးသားများ ကိုယ်စား
ဦးသန်းမောင်၊ ဦးမြင့်အောင်၊ ဦးခင်မောင်ဦး၊ ဦးလှခင်


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>