Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရွှေတြိဂံဒေသဖြစ်သည့် မိုင်းဖုန်း(က)အတွင်း အိမ်ခြေ ၈၀၀ကျော် လျှပ်စစ်မီး ထိန်ထိန်လင်းတော့မည်

$
0
0
မြန်မာ - ထိုင်း - လာအို စသည့် (၃)နိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည့် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု အတွင်းရှိ ၀မ်ပုံကျေးရွာအပါအ၀င်  ကျေးရွာပေါင်း (၁၀)ရွာခန့်ကို ယခု သြဂုတ်လ အလယ်ထဲတွင် (၂၄)နာရီ လျှပ်စစ်မီးပေးနိုင်ရန်အတွက် ယနေ့ သြဂုတ်လ(၄)ရက် နံနက်ပိုင်းက တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ လျှပ်စစ်မီးသွယ်တန်းနိုင်မှုအခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

( မီတာတပ်ဆင်ထားမှု အခြေအနေ )

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် တာချီလိတ်မြို့မီးလင်းရေးကော်မတီ ဒုတိယဥက္ကဌ ဦးကြည်မြင့် နှင့် လျှပ်စစ်အင်ဂျင်နီယာများဖြစ်သော AE - ဦးဟန်ဝင်းအောင်၊ ဦးစိုးလင်းရီ၊ ဦးပီယုန်း နှင့် ရုံးအဖွဲ့ ဦးစိုင်းခမ်းမွန်းတို့ အပါအ၀င် မိုင်းဖုန်း(က)ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးစိုင်းဆွန်လစ်တို့သည် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း လျှပ်စစ်မီးသွယ်တန်းနိုင်ရန်အတွက် ဆောင်ရွက်ထားရှိသည်ဖြစ်သော ဓါတ်ကြိုးတပ်ဆင်ဆောင်ရွက်ထားရှိမှုသည် သဘာဝဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စနစ်တကျရှိမရှိ တို့ကို စစ်ဆေးပြီး ဓါတ်ကြိုးသွယ်တန်းမည့် လမ်းကြောင်းတလျှောက် မလွတ်ကင်းသည့် သစ်ပင်ကြီးများ နှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရန်အတွက် အဆိုပါကျေးရွာများအနေဖြင့် အမြန်ဆုံးဆောင်ရွက်ထားရန်ကိစ္စများကို ပေါင်းစပ်ညှိနှိုင်း ပေးကြသည်။


( ဓါတ်ကြိုးသွယ်တန်းထားမှု အခြေအနေ )

တာချီလိတ်မြို့မီးလင်းရေးကော်မတီ၏ စမ်းသပ်ကာလ ပထမဆုံးအကြိမ်အဖြစ် ဒစ်ဂျစ်တယ်မီတာ အလုံးရေ (၅၀၀) နှင့် ရိုးရိုးမီတာ အလုံး(၃၀၀)ကို မိုင်းဖုန်း(က)ကျေးရွာအုပ်စုထဲတွင် တပ်ဆင်အသုံးပြုထားကြောင်းနှင့် ထိုသို့   ဒစ်ဂျစ်တယ်မီတာ များကို တပ်ဆင်သုံးစွဲမှုကြောင့် လစဉ် ဆုံးရှုံးမှုတစ်ခုဖြစ်သည့် သုံးစွဲယူနစ်ပျောက်ဆုံးမှုသည် လျော့ပါးလာမည်ဆိုပါက တာချီလိတ်တစ်မြို့လုံး ဒစ်ဂျစ်တယ်မီတာများအဖြစ် ပြောင်းလဲ၍ တပ်ဆင်သုံးစွဲသွားမှာဖြစ်ကြောင်း တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ သိရသည်။


အဆိုပါ ကျေးရွာအတွင်း အမြန်ဆုံး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ယနေ့ သြဂုတ်လ(၄)ရက်နေ့မှစ၍ ၀မ်ပုံကျေးရွာအပါအ၀င် အပိုင်းလိုက် သတ်မှတ်၍ လျှပ်စစ်မီး စမ်းသပ်လွှတ်ပေးမှုများပြုလုပ်ပြီး အားလုံးအဆင်သင့်ဖြစ်လျှင် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ(၈၀၀)ကို သြဂုတ်လ အလယ်၌ လျှပ်စစ်မီးပေးသွားနိုင်မှာဖြစ်ကြောင်းလည်း သိရသည်။


တာချီလိတ်မြို့မီးလင်းရေးကော်မတီ ဒုတိယဥက္ကဌ ဦးကြည်မြင့် က "မိုင်းဖုန်း(က)ကျေးရွာအုပ်စုကို မီးလင်းရေးကော်မတီက ပထမဆုံးအနေနဲ့ ဒီဂျစ်တယ်မီတာ အလုံး(၅၀၀) စမ်းသပ်တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဒီဂျစ်တယ်မီတာကြောင့် ပျောက်ဆုံးယူနစ် နည်းပါလာမယ်ဆိုရင်တော့ ဒီဂျစ်တယ်မီတာတွေပဲ ပြောင်းလဲတပ်ဆင်သွားကြမှာဖြစ်ပါတယ်။"ဟု တာချီလိတ်အွန်လိုင်းသို့ ဒီဂျစ်တယ်မီတာနှင့် ပတ်သက်၍ ရှင်းပြသည်။

ဆက်လက်၍ ၎င်းမှ "ကျေးရွာသူ၊ ကျေးရွာသားတွေကတော့ သူတို့ရွာကို သြဂုတ်လ(၁၅)ရက် မတိုင်မီ မီးလင်းစေချင်ကြတယ်၊ အဲ့ဒီအတွက် မီးလင်းရေးကော်မတီကနေပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်လက် တင်ပြပြီးတဲ့အခါမှာ ခွင့်ပြုချက်ရတာနဲ့ အမြန်ဆုံးမီးလင်းပေးတော့မှာဖြစ်ပါတယ်"ဟု ကျေးရွာအတွင်း မီးလင်းနိုင်ရေးနှင့် ပတ်သက်၍ ပြောပြသည်။

မြန်မာ - ထိုင်း - လာအို စသည့် (၃)နိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည့် ရွှေတြိဂံဒေသ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်း (၂၄)နာရီ လျှပ်စစ်မီးရရှိသွားမည်ဆိုပါက ကျေးရွာ နှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်တော့မည့်အရေးကို မှန်းဆ၍ ကျေးလက်နေ တိုင်းရင်းသားများမှ ၀မ်းသာပီတဖြစ်နေကြကြောင်းလည်း သိရှိရသည်။
သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>