Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် Mobile Team အား ယာဉ်လိုင်းများနှင့် ကုန်သည်များမှ မလိုလား

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ မြန်မာ - ထိုင်း - လာအို နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကုန်သွယ်မှုလုပ်ငန်းများကို အဓိကထား လုပ်ကိုင်နေလျက်ရှိရာ အဓိကအားဖြင့် ကုန်ပစ္စည်းများကို တာချီလိတ် မှ အခြားနယ်များသို့ ပို့ဆောင်ရန်အတွက် ကနဦး တာချီလိတ်မြို့ရှိ မယ်ယန်းစုပေါင်းစစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာရသည်ဖြစ်ရာ အဆိုပါ ဂိတ်တွင် လတ်တလောပြုလုပ်နေသော Mobile Team ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ကုန်ပစ္စည်းသယ်ယာဉ်များ၊ တစ်ပိုင်တစ်နိုင်သယ်ဆောင်သည့် ယာဉ်များ နှင့် ခရီးသည်တင်ယာဉ်များမှာ အခက်အခဲများစွာ ဖြစ်ပေါ်နေပြီး ကုန်သည်ယာဉ်များသည် အဆိုပါ အခက်အခဲများကြောင့် လတ်တလောတွင် ရပ်ဆိုင်းထားရသည့် ကိစ္စနှင့် ပတ်သက်၍ ယနေ့ သြဂုတ်လ(၂)ရက် ညနေပိုင်းက တာချီလိတ်မြို့နယ် ယာယီကားလေးကွင်းတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ယာဉ်လိုင်းပိုင်ရှင်များ၊ တာဝန်ခံများနှင့် တွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲများအား ချပြပြောဆို ဆွေးနွေးခဲ့ကြသည်။



တာချီလိတ်တွင် ဆောင်ရွက်နေလျက်ရှိသော Mobile Team ကြောင့် ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းများ၏ ဖြစ်ပေါ်နေသော အခက်အခဲများကို အမှန်တတကယ် သိရှိနိုင်ရန်အတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မထသ ဥက္ကဌ ဦးစ၀်စိုးလင်း တို့မှ ခေါ်ယူတွေ့ဆုံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဆိုပါ ယာဉ်လိုင်းပိုင်ရှင်များအား Mobile Team ကြောင့် အခက်တွေ့နေသည်များကို ကြားသိရသည့်အပြင် သြဂုတ်လ(၁)ရက်နေ့က စပြီး ယာဉ်လိုင်းများအားလုံး မထွက်တော့ဘဲ  ရပ်ဆိုင်းထားလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြနိုင်ပါကြောင်း စသည်ဖြင့် ကနေဦး ပြောကြားသည်။



အခက်အခဲများနှင့် ပတ်သက်၍ ဦးစွာပထမ "ကျော်"ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းမှ ဦးကျော်မြင့်က "ဖိနပ်သည်ဆိုရင်လည်း ဖိနပ်လို့ ပြောရင် မရဘူး၊ ဖိနပ်ရဲ့အမျိုးအမည်က အစ အသေးစိတ်ပြောပြရတယ်၊ သူတို့က မှန်ရင်ဆက်လုပ်၊ မှားရင် အရေးယူမယ်ဆိုပြီး ပြောလာတယ်၊ အခုလို လုပ်နေတာမျိုးက ကျွန်တော်တို့အနေနဲ့ ကြာလာရင် လုပ်ငန်းရပ်ဆိုင်းရမဲ့အနေအထားပဲ၊ ကုန်ပစ္စည်းတွေကို အမျိုးအမည် အသေးစိတ်ခွဲတာတော့ မလုပ်သင့်ဘူး"ဟု ဖွင့်ဟ ပြောကြားလာသည်။



၎င်းနောက် ရွှေကျားဖြူ ယာဉ်လိုင်းမှ စာရေးမ ဒေါ်နန်းလိုင်ဆိုင်က "ကျွန်မတို့က ဒီက ချုပ်တဲ့ ရှမ်းထည်တွေကို ပို့တာ အထည်တစ်ထည်နှုန်းကို ဘယ်လောက် ဘယ်လောက်ဆိုပြီး ဂျူတီဆောင်ခိုင်းတယ်၊ ဆောင်ခိုင်းတဲ့ နှုန်းထားကလည်း တန်ဖိုးနဲ့ နီးပါးလိုလိုဖြစ်နေတော့ ဘယ်လောက်မှ သိပ်မကျန်တော့ဘူး၊"ဟု တင်ပြဆွေးနွေးသည်။



ဆက်လက်၍ ငွေအိုးစည် ယာဉ်လိုင်းမှ တာဝန်ခံ ဒေါ်အေးအေးဝင်းက "မိုးတွင်းကာလ ခရီးသည်ပါးတဲ့ အခါမှာ ယာဉ်ငယ်များအနေနဲ့ ကုန်ပစ္စည်းများကို တင်ဆောင်တဲ့အခါမှာ ခရီးသည်မပါတဲ့အတွက် ကုန်ပစ္စည်းများကို ခွင့်မပြုပြန်ဘူး၊ အဲ့ဒီအတွက် အခက်တွေ့နေပါတယ်"ဟု တင်ပြလာသည်။


ယင်းနောက် ထူးဆန်း ယာဉ်လိုင်းမှ မသီတာ က "ကားပေါ်မှာ တစ်ပိုင်တစ်နိုင်အဖြစ် သတ်မှတ်ထားတဲ့ ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေပါ သယ်ဆောင်လာတဲ့အခါ ဂျူတီဆောင်ခိုင်းတဲ့အခါမှာ တစ်ပိုင်တစ်နိုင် ပစ္စည်းတွေကို သီးသန့် မခွဲထုတ်ဘဲ အကုန်လုံးကို ဂျူတီဆောင်ခိုင်းပါတယ်၊ အဲ့လို အခွန်ဆောင်ခိုင်းတဲ့ အခါမှာ ပစ္စည်းတွေကို ဂိတ်က မထွက်တော့ဘူး၊ အိမ်ကိုပဲ ပြန်သယ်တော့မယ်လို့ လုပ်လည်း သူတို့က နောက်ပြန်မလှည့်ခိုင်းတော့ဘူး၊ ဂျူတီဆောင်ပြီးမှ ပစ္စည်းတွေကို ပြန်လာယူလို့ ပြောပါတယ်၊"ဟု ပြောဆိုတင်ပြလာသည်။

တော်ဝင်မြန်မာ ယာဉ်လိုင်းမှ မန်နေဂျာ ဦးစိုင်းအောင်ခမ်း က "ကားထဲမှာပါတဲ့ ကုန်ပစ္စည်းတွေ တစ်ခုမကျန် အကုန်ဂျူတီဆောင်ခိုင်းပါတယ်၊ ဂျူတီဆောင်ခိုင်းရင်လည်း တောင်ပြေးရ မြောက်ပြေးရနဲ့ တစ်နေရာတည်းကို မဟုတ်ဘူး၊ ဟိုညွှန် ဒီညွှန်နဲ့ တော်တော်အလုပ်ရှုပ်ပါတယ်၊ အဲ့လိုတွေကြောင့် ပစ္စည်းတွေကို မထွက်တော့ဘူး နောက်ပြန်လှည့်ခွင့်ပေးပါလို့ ပြောလည်းမရဘူး"ဟု ရင်ဖွင့်ပြောကြားသည်။

ဒို့ညီနောင် ယာဉ်လိုင်းမှ ဦးဝင်းမောင်ကလည်း "ICT ကတ်လုပ်ပါဆိုတော့ လုပ်တာ (၂)ရက် (၃)ရက်ကြာတယ်၊ ကတ်ပြီးတော့ ဂျူတီရှိတဲ့ ပစ္စည်းတွေကို သယ်ဆောင်ခွင့်ရှိတယ်လို့ ထင်ထားပေမဲ့လည်း ကုန်သည်များက ဂျူတီကို တဆင့်ခံဝယ်ရတာဆိုတော့ ကားခ (၈၀၀)ရရင် (၉၀၀)ဖြစ်နေပြီ၊ အခုက ဘာဖြစ်နေလဲဆိုတော့ ဂျူတီဆောင်လို့ရတဲ့ ပစ္စည်းတွေက လွယ်လွယ်ဂျူတီဆောင်လို့ မရဖြစ်နေတယ်၊ အခုက ပြည်သူလူထုကို ပံ့ပိုးကူညီရမဲ့အစား နှိပ်ကွပ်နေသလိုဖြစ်နေတယ်၊ အကောက်ခွန်တောင် ဘာမှ ပြောပိုင်ခွင့် မရှိသလိုဘဲ၊ ၀န်ထမ်းနဲ့ ပြည်သူ တသားတည်းဖြစ်ဖို့လိုပါတယ်၊ ကျွန်တော်တို့က လက်နက်ခဲယမ်း ရောင်းဝယ်သယ်ဆောင်နေတာမဟုတ်ပါဘူး၊ စားသုံးကုန်ပစ္စည်းတွေကို ရောင်းဝယ်သယ်ဆောင်နေတာပါ၊ အခု သူတို့ဘက်က မတရားတင်းကြပ်လာလို့ နောက်ဆုံး အဆင်မပြေတာနဲ့ ယာဉ်တွေ မထွက်ဖို့ ရပ်ဆိုင်းထားလိုက်ရပါတယ်"ဟု ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြသည်။

ထူးဆန်း ယာဉ်လိုင်းမှ  ဒေါ်သီတာက "Mobile Team က ကားငယ်ကို စစ်တာ အလွန်ဆုံး အချိန် (၂)နာရီ (၃)နာရီလောက်ကြာတယ်၊ ကားကြီးဆိုရင် ဒီထက်ပိုကြာနိုင်တယ်၊ တချို့ပစ္စည်းတွေက ဂျူတီနဲ့ မကိုက်ညီဘူးဆိုရင် တစ်နေကုန်နီးပါးပဲကြာတယ်၊ အဲ့လိုကြာတဲ့အခါမှာ ခရီးသည်တွေအနေနဲ့လည်း အချိန်ကြန့်ကြာတယ်၊"ဟု တင်ပြဆွေးနွေးသည်။

တစ်ပိုင်တစ်နိုင် ကုန်ဝယ်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်ညွှန့်ရီကလည်း "အပင်အားဆေးဖြစ်တဲ့ ပိုးသတ်ဆေးတို့ မြက်သတ်ဆေးတို့ ပို့တဲ့အခါမှာ ဂျူတီဆောင်ရမယ်လို့ ပြောလာပါတယ်၊ ဂျူတီဆောင်ဖို့ လုပ်တော့လည်း ဂျူတီဆောင်ရမဲ့ စာရင်းထဲမှာ ဒါတွေ မပါဘူးလို့ ပြောလာပါတယ်၊ အခုက စိုက်ပျိုးရေး ကာလဖြစ်နေတဲ့အတွက် ကျွန်မတို့က ဒီအချိန်လေးပဲ ရောင်းရတာပါ၊ ရာသီချိန်ကျော်သွားရင် မရတော့ပါဘူး၊ အခု ဂျူတီလည်းမရတော့ ဂိတ်က ထွက်လို့မရတဲ့အတွက် အခက်အခဲလေးဖြစ်နေပါတယ်"ဟု တင်ပြလာသည်။

ရွှေပြည်တော် ယာဉ်လိုင်းမှ ဦးရဲသူနိုင်က "အခုလို စစ်ဆေးမှုတွေ မလုပ်တဲ့အချိန်တုန်းက ကားခ (၃)သိန်းခွဲလောက် ၀င်ပါတယ်၊ အခု ကြပ်တဲ့အချိန်မှာ ဒါရိုက်ဘာကြေးကိုတောင် မနည်းရအောင် ကြိုးစားနေရပါတယ်၊ ဆီဖိုးတောင် မရပါဘူး၊ ကားသမားများအနေနဲ့ အရင်လို ကုန်ပစ္စည်းတင်ဖို့ မလွယ်ကူတော့ အခက်အခဲဖြစ်နေပါတယ်၊ ဘယ်လိုဖြေရှင်းရမလဲ၊ အခုကာလမှာ အမြတ်မရတဲ့အပြင် စိုက်နေရတာများနေပါတယ်၊ အကောက်ခွန်က ခွင့်ပြုတာတောင် နကသ က ခွင့်မပြုဘူး"ဟု ဆွေးနွေးတင်ပြလာသည်။

အထက်ပါအတိုင်း ကုန်တင်ယာဉ်လိုင်းများ နှင့် ခရီးသည်တင်ယာဉ်လိုင်းများ၏ အခက်အခဲများကို ကြားသိရပြီးနောက် ၎င်းအနေဖြင့် ယခုတင်ပြလာသော အချက်အလက်များကို မှတ်တမ်းရယူသွားပြီးနောက် အထက်သို့ ဦးစားပေး တင်ပြပေးသွားမည်ဖြစ်ကြောင်းကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားသွားခဲ့သည်။

"အခုလို မယ်ယန်းဂိတ်မှာ စစ်ဆေးမှုတွေလုပ်နေတော့ ကျွန်တော့်တို့ သယ်နေတဲ့ ပစ္စည်းတွေလည်း ထွက်လို့မရတော့ဘူး၊ အဲ့ဒီတော့ ကျွန်တော်တို့လည်း လတ်တလော အလုပ်လက်မဲ့ဖြစ်နေပြီ"ဟု အမှတ်(၁) ချစ်ကြည်ရေး တံတားပေါ်တွင် သုံးဘီးဆိုင်ကယ်ဖြင့် ကုန်ပစ္စည်းများကို သယ်ဆောင်သူများမှလည်း တာချီလိတ်အွန်လိုင်းသို့ ရင်ဖွင့်ရှာသည်။

Mobile Team အနေဖြင့် ယခုလို ပိတ်ဆို့ စစ်ဆေးမှု၏  ရလဒ်သည် မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ် နှင့် ကျိုင်းတုံတို့တွင်လည်း ကုန်ဈေးနှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>