Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် စစ်ဗျူဟာမှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ စစ်ကြောင်းကြီး (၅)ကြောင်းအသွင်ဖြင့် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ကွင်းဆင်းကာ ဆေးကုသပေးရင်း အိမ်ထောင်စုတွင် မွေးတိုး(၁၀၀)ပြုလုပ်ပေးပြီး ( ၅၇)ဦးအား မှတ်ပုံတင်ပြုလုပ်ပေး

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ရှိ မိုင်းကိုးကျေးရွာအုပ်စု၊ ကော်မလိတ်ရွာ၊ နာတာကျိုရွာ၊ မနော်ရွာ ၊ ရွာ( ၅ )ရွာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ ခရိုင်လ၀ကမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်စွာလွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦးတို့ ဦးဆောင်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာရှိများ ပါဝင်သည့် နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သည့်အဖွဲ့သည် ယနေ့ သြဂုတ်လ(၃)ရက်နေ့တွင် ရွာ(၅)ရွာ၌ တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့်မြို့နယ်ကျန်းမာရေးဌာနမှ အဖွဲ့များ ပူးပေါင်းကာ ဆေးဝါးကုသပေးခြင်း နှင့် မှတ်ပုံတင်/အိမ်ထောင်စုစာရင်းပြုလုပ်ပေးခြင်း အပြင် စိုက်ပျိုးမွေးရေးလုပ်ငန်းကိစ္စရပ်များအား ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။



စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့ နှင့် မြို့နယ် ကျန်းမာရေးဌာနမှအဖွဲ့များ ပူးပေါင်းကာ အဆိုပါ ကျေးရွာ(၅)ရွာမှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂၀၈)ဦးကို ကျန်းမာရေးစစ်ဆေးပေးခြင်း နှင့် ဆေးကုသပေးခြင်းအပြင် ဆေးဝါးများထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။



ဆက်လက်၍ တာချီလိတ်ခရိုင်လ၀ကမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်စွာလွင်နှင့် မြို့နယ်လ၀က ဦးစီးမှူး ဦးသိန်းလွင် နှင့်အဖွဲ့သည် မိုးပွင့်အဆင့် (၆) စီမံချက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းအဖြစ် ကျေးရွာ(၅)ရွာ၌ အိမ်ထောင်စုစာရင်း နှင့် မှတ်ပုံတင် မပြုလုပ်သေးသူများကို ပြုလုပ်ပေးရာ အိမ်ထောင်စုစာရင်းဟောင်းနွမ်းနေသူများကို လဲလှယ်ပေးရာတွင် စုစုပေါင်း (၅၀)စုအား လဲလှယ် ပြုလုပ်ပေးပြီး နောက် မှတ်ပုံတင်မရှိသူ (၅၇)ဦးအား မှတ်ပုံတင်များ ပြုလုပ်ပေးခြင်းအပြင် အိမ်ထောင်စုစာရင်းထဲတွင် မထည့်သွင်းရသေးသာ မွေးတိုးအဖြစ် အယောက်(၁၀၀)ကို ထည့်သွင်းပေးခြင်း စသည်ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ယင်းနောက် ကျေးရွာအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးတာဝန်ခံများမှ ကျေးရွာစိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းအပြင် နယ်မြေဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ပေါင်းစပ်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါပူးပေါင်းအဖွဲ့တို့သည် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၄/၂၅)ရက်နေ့များက တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ကြိုးတံတား၊ ရေပူစမ်း၊ ရွှေပြည်အေး နှင့် ရှဲညီကျေးရွာများမှ ဒေသခံတိုင်းရင်းသား ကျား(၁၇၀)ဦး၊ မ (၂၇၀)ဦး နှင့် ကလေးသူငယ် (၁၄၅)ဦး စုစုပေါင်း (၅၈၅)ဦးတို့အား ကျန်းမာရေး စစ်ဆေးပေးခြင်း နှင့် ဆေးဝါးကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး အဆိုပါကျေးရွာများမှ အိမ်ထောင်စု (၁၀၂၀)စုအား အိမ်ထောင်စုဇယား ပြုလုပ်ပေးခြင်းနှင့် မှတ်ပုံတင်မရှိသည့် ပြည်သူ (၂၂၀၀)ဦးအား မှတ်ပုံတင်ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီးကြောင်းလည်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


TTA Oreo Gapp Installer


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>