Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းဆတ်ခရိုင်အတွင်း နယ်မြေရှင်းလင်းရာမှ မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာဟောင်းအား ရှာဖွေတွေ့ရှိ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ မိုင်းဆတ်ခရိုင်၊ ဟွေမီး(၁)ရွာအနီး၌ အမှတ်(၂၇၈) ခြေလျင်တပ်ရင်း မှ ဗိုလ်မှူး ဇင်ဝင်းထွဋ် ဦးစီးသည့် အဖွဲ့သည် နယ်မြေရှင်းလင်းရင်း မူးယစ်ဆေးဝါးများအပါအ၀င် မူးယစ်ဆေးဝါးချက်လုပ်သည့် စက်ပစ္စည်းများကို သြဂုတ်လ (၁)ရက်နေ့ နေ့လည်(၁၁)နာရီအချိန်က ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။


 မိုင်းဆတ်ခရိုင်၊ ဟွေမီး(၁)ရွာအနီးတွင် အဆိုပါတပ်သည် နယ်မြေရှင်းလင်းရင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာဟောင်းအား တွေ့ရှိရာ အဆိုပါ နေရာတွင် စိတ်ကြွဆေးပြား (၁၂၀၀)ပြား၊ ဆေးပြားရိုက်နှိပ်ရာတွင် အသုံးပြုသည့် ဖောက်စက် (၁)လုံး၊ ပုံလောင်းသည့် ခွက်(၅)ခွက်၊ သစ်သီးဖျော်စက်(၂)လုံး၊ ကြေးအလေးတုံး (၆)တုံးပါသည့် သေတ္တာ(၁)လုံး၊ အ၀ါရောင် ဖယောင်းတုံး (၅)တုံး၊ ခြင်လုံဇကာ(၁)လိပ်၊ ကီလိုချိန်စက်(၁)လုံး နှင့် ဒိုင်နမိုတွဲလျှက် ဆေးပြားဖျော်စပ်ရာတွင် အသုံးပြုသည့် အရည်ဖျော်စက်(၁)လုံးတို့အား တွေ့ရှိ ရမိခဲ့ကြောင်း သိရသည်။


နယ်မြေရှင်းလင်းရင်း ရှာဖွေရရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ မိုင်းတွမ်းနယ်မြေရဲစခန်းမှ မယ(ပ)၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)/၁၉(က)/၂၀(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>